စီးပွားရေး

ကိုဗစ်-၁၉ ကြောင့် အိမ်တွင်းလက်မှုလုပ်ငန်းတစ်ချို့ ရပ်နားခဲ့ရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၈) ကိုဗစ်-၁၉ ကြောင့် မော်လမြိုင်က လက်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ အိုးလုပ်ငန်း အများစု ရပ်နားလိုက်ရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ မုပွန်ရပ်ကွက် အိုးလုပ်ငန်းကနေ စဥ့်အိုး၊ ငပိအိုး၊ ငရုပ်ဆုံ၊ ပန်းအိုး၊ ဆီမီးခွက်နဲ့ ဆွမ်းအိုး စသဖြင့် မြေအိုးအမျိုးအမျိုးကို ထုတ်လုပ် ရောင်းချနေတာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှာ နယ်မြေဖြတ်ကျော်သွားလာခွင့်တွေကို ကန့်သတ်လိုက်တဲ့အတွက်…

ကိုဗစ်-၁၉ကြောင့် မွန်ပြည်နယ် ဆန်စပါးလုပ်ငန်း (၂၀)ရာခိုင်နှုန်း ထိခိုက်ခဲ့

မော်လမြိုင် ၊ ဒီဇင်ဘာ (၇) ကိုဗစ်-၁၉ကြောင့် မွန်ပြည်နယ်မှာ ဆန်စပါးထုတ်လုပ်မှု (၂၀)ရာခိုင်နှုန်းကျော် ထိခိုက်ခဲ့တယ်လို့ မွန်ပြည်နယ် ဆန်စက်အသင်းများ ဥက္ကဌက ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ စပါးဧက (၇)သိန်းကျော် စိုက်ပျိုးပြီး နှစ်စဉ် စပါးတင်းပေါင်း (၄၃၀)ကျော်ကို ထုတ်လုပ်နေတာပါ။ ယခုနှစ်မှာတော့ ကိုဗစ်-၁၉ အခြေအနေတွေကြောင့် လုပ်သားရှားပါးမှု ပြဿနာတွေကို ရင်ဆိုင်နေရတဲ့အတွက် ဆန်စပါးထုတ်လုပ်မှုဟာ​ နှောင့်နှေးနေတာပါ။ ဒါ့အပြင်…

မွန်မှာ ကိုဗစ်-၁၉ ကြောင့် မွေးမြူရေးလုပ်ငန်း (၇၀)ရာခိုင်နှုန်းကျော် ရပ်နားခဲ့ရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၃) ကိုဗစ်-၁၉ စီးပွားရေးအခက်အခဲတွေကြောင့် မွန်ပြည်နယ်အတွင်းက မွေးမြူရေးလုပ်ငန်း (၇၀)ရာခိုင်နှုန်း ရပ်နားလိုက်ရပြီးလို့ မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က ပြောပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာတာနဲ့အတူ စားသောက်ဆိုင်တွေ ၊ သားငါးစျေးတွေနဲ့ အသားထုတ်စက်ရုံတွေက ယာယီပိတ်ထားရပါတယ်။ ဒါအပြင် နယ်မြေဖြတ်ကျော် သွားလာခွင့်ကိုလည်း ကန့်သတ်လိုက်တဲ့အတွက် ကုန်စည် စီးဆင်းမှု ပြတ်တောက်ခဲ့ပါတယ်။ ဒါကြောင့် မွေးမြူရေးလုပ်ငန်းအတွက်…

ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ ရာဘာတောင်သူတွေ တောင်းဆို

မော်လမြိုင် ၊ ဒီဇင်ဘာ (၂) လာမယ့် အစိုးရအသစ် သက်တမ်းမှာ ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ ရာဘာတောင်သူတွေက တောင်းဆို လိုက်ပါတယ်။ မွန်ပြည်နယ်ဟာ ရာဘာစိုက်ဧက (၅)သိန်းကျော် ရှိပြီး နှစ်စဉ် ရာဘာတန်ချိန် (၁) သိန်းကျော်ကို ထုတ်လုပ်နေတာပါ။ အခုအခါမှာတော့ ရာဘာစျေးကျလာတာနဲ့အတူ အလုပ်သမားရှားပါးမှု ပြဿနာတွေကြောင့် ရာဘာ တောင်သူအများစုက လုပ်ငန်းတွေကို ရပ်နားထားရပါတယ်။ ဒါကြောင့်…

ကျိုက်ထီးရိုးတောင်ပေါ်မှာနေထိုင်သူ (၃၀၀၀)နီးပါး စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေရ

မော်လမြိုင် ၊ နိုဝင်ဘာ (၁၆) ကျိုက်ထီးရိုးတောင်ပိတ်မှု (၈)လနီးပါး ကြာမြင့်လာတဲ့အတွက် တောင်ပေါ်မှာနေထိုင်သူ (၃၀၀၀)နီးပါး စားဝတ်နေရေးအခက်အခဲတွေကို ရင်ဆိုင်နေရတယ်လို့ တောင်ပေါ်နေထိုင်သူတွေက ပြောပါတယ်။ ကျိုက်ထီးရိုးဘုရားပွဲတော်ကိုတော့ နှစ်စဉ် သီးတင်းကျွတ်လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့အထိ ကျင်းပလေ့ ရှိတာပါ။ လက်ရှိမှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မတ်လခန့်က စပြီး ကျိုက်ထီးရိုးတောင်ကို ခေတ္တပိတ်ထားခဲ့ရာ ၈ လခန့်ကြာမြင့်ပြီး ဖြစ်ပါတယ်။ တောင်ပိတ်ထားလို့…

မွန်ပြည်နယ် ငါးဖမ်းပိုက်ချက် လေလံရောင်းချမှုကနေ အခွန် ကျပ်သိန်း ၆၃၀၀ ကျော် ရရှိ

သြဂုတ် ၂၇၊ ၂၀၂၀ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငါးဖမ်းလုပ်ငန်းရာသီအတွက် မွန်ပြည်နယ်အတွင်းမှာရှိတဲ့ သံလွင်မြစ်၊ အတ္ထရံမြစ်နဲ့ ဂျိုင်းမြစ်တို့မှာ ဖမ်းနေတဲ့ ငါးဖမ်းပိုက်ချက်တွေကို လေလံတင်ရောင်းချခဲ့ရာ အခွန်ငွေ ကျပ်သိန်း ၆၃၀၀ ကျော်ရရှိတယ်လို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြည်နယ်အတွင်းက ငါးဖမ်းပိုက်ချက် ၁၁၃ ချက်ကို သြဂုတ်လ ၁၁ ရက်နေ့က လေလံစတင်ရောင်းချခဲ့ပြီး ၅…

နိုင်ငံတော်အနေနဲ့ ငါးစျေးကွက်ဖော်ဆောင်ပေးဖို့ မွန်ငါးလုပ်ငန်းရှင်တွေ တောင်းဆို

ရေး ၊ ဩဂုတ် (၂၄) ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ မွန်ပြည်နယ်ငါးလုပ်ငန်း စျေးကွက်ပျက်နေတာကြောင့် လာမယ့်ငါးဖမ်းရာသီမှာ နိုင်ငံတော်အနေမှ ဈေးကွက်ဖော်ဆောင်ပေးဖို့ မွန်ပြည်နယ် ငါးလုပ်ငန်းရှင်တွေက တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော်အနေနဲ့ ကိုဗစ်ကာလမှာ ချေးငွေချထားပေးဖို့ ဆောင်ရွက်နေပေမယ့် ငါးဈေးကွက်မရှိပါက ချေးငွေရလည်း အဆင်မပြေနိုင်ဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ လက်ရှိအခက်အခဲတွေကြောင့် လာမယ့်ငါးဖမ်းရာသီအဖွင့်မှာ ဆက်လက်လုပ်ကိုင်ဖို့ မမျှော်မှန်းနိုင်တဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေက…

မွန်ပြည်နယ်အခြေစိုက် Discovery Coaching, Training & Consulting Co,.ltd ရဲ့ CEO ကိုမင်းသိန်းထွန်းဦးနဲ့တွေ့ဆုံခြင်း

မေး – လက်ရှိစီးပွားရေးအခြေအနေအရ ရှေ့အလားအလာဘယ်လိုရှိပါသလဲ၊ ဖြေ – စီပွားရေးက ဒီလာမယ့်နှစ်မှာ အခြေအနေကောင်းလာဖို့ အလားအလာ တော်တော်နှေးမယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မွန်ပြည်နယ်ရဲ့ အဓိကထုတ်ကုန်ဖြစ်တဲ့ ရာဘာ၊ ကွမ်းသီးတွေကလည်း ဈေးကောင်းမရနိုင်ဘူး။ ပြည်ပရောက်နေသူအများစုကလည်း လုပ်ငန်းအခြေအနေမကောင်းတာကြားထားရတယ်။ ပြည်တွင်းမှာ ဘုရားဖူးလုပ်ငန်း၊ ပွဲလမ်းသဘင်တွေ၊ ရှင်ပြု၊ မင်္ဂလာဆောင်စတဲ့ လူစုလူဝေး လူတွေငွေသုံးရမယ့်ကိစ္စတော်တော်များများရပ်ထားရတော့ စီးပွားရေးအလားအလာက အေးနေအုံးမယ် ထင်ပါတယ်။…

ကိုဗစ်ကြောင့် ရေးမြို့နယ် မဟာဓာတ်အားလိုင်းရဖို့ (၃) နှစ်ခန့် ထပ်စောင့်ရမည်

ရေး၊ ဩဂုတ် (၁၈) ကိုဗစ်-၁၉ ကြောင့် ရေးမြို့နယ်ဟာ မဟာဓာတ်အားလိုင်းရရှိဖို့ ၃ နှစ်ခန့် စောင့်ဆိုင်းရဦးမယ်လို့ ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။ ရေးမြို့နယ်ဟာ မွန်ပြည်နယ်အတွင်း မဟာဓာတ်အားလိုင်းမရသေးတဲ့ တစ်ခုတည်းသော မြို့နယ်ဖြစ်ပါတယ်။ မဟာဓာတ်အားလိုင်းကနေ ရေးမြို့နယ်ကို ၂၃၀ကေဗီ ဓာတ်အားလိုင်း သွယ်တန်းတာကို၂၀၁၉-၂၀၂ဝ ဘဏ္ဍာရေးနှစ်အတွင်းမှာ အပြီးသတ်ဆောင်ရွက်ဖို့ လျာထားခဲ့ပေမယ့် ကိုဗစ်အခြေအနေကြောင့် ယခုနှစ် အောက်တိုဘာ…

မွန်ပြည်နယ်ငါးလုပ်ငန်းအပေါ် ကိုဗစ်ရိုက်ခတ်မှု ပြင်းထန်

မော်လမြိုင် ၊ ဩဂုတ် ၁၈ ၂၀၂၀-၂၀၂၁ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် မွန်ပြည်နယ်အတွင်းက ငါးဖမ်းပိုက်ချက်တွေကို တင်ဒါရောင်းချခဲ့ရာမှာတော့ ကိုဗစ်-၁၉ ရဲ့ စီးပွားရေးရိုက်ခတ်မှုတွေကြောင့် ဝယ်ယူသူ အလွန် နည်းပါးခဲ့ပါတယ်။ မွန်ပြည်နယ်က စျေးကောင်းရတဲ့ ငါး (၈၀) ရာခိုင်နှုန်းဟာ တရုတ်စျေးကွက်ကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကစပြီး မွန်ပြည်နယ်ထွက်ငါးတွေ ပြည်ပတင်ပို့မှု ရာနှုန်းပြည့်…