မြဝတီ အာရှလမ်း ဧပြီ ၁ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ သတင်းထွက်ပေါ်
မြဝတီ၊ မတ် ၂၆ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကို လာမယ့် ဧပြီလ ၁ ရက်နေ့မှာ စစ်ကော်မရှင်က ပြန်ဖွင့်သွားမယ်လို့ သတင်းထွက်ပေါ်နေရာ ဒေသခံတွေပြည်သူတွေကတော့ စက်သုံးဆီ အကြပ်အတည်းကာလအတွင်း အာရှလမ်းမ ပြန်ဖွင့်နိုင်ဖို့ မျှော်လင့်နေတာပါ။ အာရှလမ်းမကို နှစ်အတန်ကြာ ပိတ်ထားခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ၂၀၂၅ စက်တင်ဘာလအတွင်း စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်အစိုးရသစ်မဖွဲ့ခင်မှာ အာရှလမ်းအပြင်…
