အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးပိုင်းမှာအာဏာရပြီးနောက်ပိုင်း ပြည်သူတွေနဲ့ကင်းကွာနေသည်ဟု နိုင်ငံတော်သမ္မတကြီးပြော
မော်လမြိုင်၊ ဒီဇင်ဘာ ၁၅ အုပ်ချုပ်ရေးပိုင်းနှင့် ဥပဒေပြုရေးပိုင်းမှတာဝန်ရှိသူတို့မှာ အာဏာရပြီးနောက်ပိုင်းတွင် ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုကင်းကွာနေသည်ဟု နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က ပြောဆိုလိုက်သည်။ ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ပြုလုပ်ခဲ့သော နိုင်ငံတော်သမ္မတနှင့်မဏ္ဍိုင်သုံးရပ်တွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ပြည်သူတွေနဲ့ထိတွေ့ဆက်ဆံမှုကအရေးကြီးပါတယ်။အုပ်ချုပ်ရေးပိုင်းပဲဖြစ်ဖြစ် ဥပဒေပြုရေးပိုင်းပဲဖြစ်ဖြစ် တစ်ချို့ကဘယ်လိုဖြစ်လဲဆိုတော့ ကိုယ်ကအုပ်ချုပ်ရေးပိုင်းလဲရောက်ရော ဥပဒေပြုမယ့်သူတွေလဲဖြစ်သွားရော ပြည်သူတွေကိုထိတွေ့ဆက်ဆံမှုမရှိတော့ဘူး။ ကင်းကွာနေတယ်။ ကျွန်တော်တို့ကိုတိုင်ပါတယ်”ဟု နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်မှ ပြောဆိုခဲ့သည်။ အစိုးရတာဝန်ရှိသူတွေအနေနှင့်…
