မွန်ပြည်နယ်မှာ ဆန်ချောဈေးနှုန်း အတက်ကြမ်းနေ
မော်လမြိုင် ၊ ဇူလိုင်(၃၀) မွန်ပြည်နယ်မှာ ဆန်ချောအုပ်စုဝင် စပါးဈေးနှုန်း ဆက်လက်မြင့်တက်လာတဲ့အတွက်ကြောင့် ဆန်ချောဈေးနှုန်း အတက်ကြမ်းနေတယ်လို့ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ဆန်ချောအုပ်စုဝင် ပေါ်ဆန်ဟာ ဇူလိုင် ပထမအပတ်က တစ်အိတ်ကို ကျပ် ၅၅၀၀၀ သာ ပေါက်ဈေးရှိခဲ့ပေမယ့် ဇူလိုင် နောက်ဆုံးအပတ်မှာတော့ တစ်အိတ်ကို ကျပ် ၆၀၀၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာတာပါ။ဆန်ဈေးနှုန်းဟာ လက်ကျန်စပါး…
