TLT Tv||- သမ္မတသစ် ဖာဒီနန်မားကိုစ့် ငလျင်ဒဏ်သင့်ဒေသတွေကို သွားရောက်
https://youtu.be/TfcVPMJi71o
https://youtu.be/TfcVPMJi71o
ရန်ကုန် – ဇူလိုင်(၃၀) ရန်ကုန်မြို့ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တော်ခန်းမအနောက်မှာရှိတဲ့လမ်းသွယ်ထဲမှာ ဒီနေ့ ဇူလိုင်လ(၃၀) ရက်နေ့ နေ့လည်(၁၁) နာရီလောက်က ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သား(၂) ဦး ထိခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲ့ဒီဗုံးဟာ စည်ပင်ရုံးဝင်ပေါက်အနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်သား တွေရဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရေသးပါဘူး။ “ပေါက်ကွဲသံကတော်တော်ကျယ်တယ်။ ထလဲပေါက်ရော အဲ့ကစောင့်နေတဲ့ကောင်တွေထွက်ပြေး တာပဲ။လူနာတင်ယာဥ်တွေ့တယ်။ နှစ်ကောင်ထိတယ်ပြောတာပဲ သေချာတော့မသိရသေးဘူး။”လို့…
ဘီးလင်း၊ ဇူလိုင် ၃၀ ဘီးလင်းမြို့နယ်၊ ချောင်းပြန့်ကျေးရွာ လယ်ယာမြေသမဂ္ဂ ဥက္ကဌဖြစ်သူ ဦးပန်းစိန်ဟာ BGF နဲ့ စစ်ကောင်စီ သတင်းပေးလုပ်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု(KRF)က ထုတ်ပြန်ပါတယ်။ဇူလိုင်လ ၂၉ ရက်နေ့ ည၉ နာရီခန့်မှာ ဦးပန်းစိန်ဆိုသူကို နေအိမ်မှာရှိနေချိန် ကျိုက်ထိုတော်လှန်ရေး အင်အားစု(KRF) တပ်ဖွဲ့ဝင်တွေကနေအိမ်ပေါ်တက် ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ဦးပန်းစိန်ဟာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပင်…
ရန်ကုန် ၊ ဇူလိုင် (၃၀) သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက သေဒဏ်စီရင်မှုတွေ ထပ်လုပ်လာမှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ပြောပါတယ်။စစ်ကောင်စီဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း သေဒဏ်စီရင်လိုက်ပြီးလို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ဒီလုပ်ရပ်ကြောင့် အကျဉ်းထောင်ထဲမှာ…
မဲဘုန်း – ဇူလိုင်(၃၀) ဒီနေ့ ဇူလိုင်လ(၃၀) ရက်နေ့ ဩစတြေးလျ ဒေသစံတော်ချိန် နေ့လည် (၁၂) နာရီကစပြီး ဩစတြေးလျ ရောက်မြန်မာနိုင်ငံသားတွေစုပေါင်းပြီး ဖက်ဆစ်စစ်တပ်ရဲ့ အဓမ္မလုပ်မှုတွေအတွက် ဆန့်ကျင်ချီတက် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကို မြန်မာနိုင်ငံသား အင်အားရာနဲ့ချီတက်ရောက်လာခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် ကိုမင်းမော်ကွန်း လည်း တက်ရောက်လာခဲ့ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး နဲ့ ကွပ်မျက်ခံလိုက်ရတဲ့ ကျွန်တော်တို့တွေရဲ့ သူရဲကောင်းတွေအတွက်…
မော်လမြိုင် ၊ ဇူလိုင် (၃၀) မွန်ပြည်နယ်မှာ နိုင်ငံခြားကနေ တင်သွင်းနေရတဲ့ ဆေးဝါးတွေ ပြတ်လပ်လာပြီးနောက် ဆေးဈေးနှုန်း ၄၀ ရာခိုင်နှုန်း နီးပါး ထပ်မံမြင့်တက်လာတယ်လို့ ဆေးဆိုင်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ဆေးဈေးနှုန်းဟာ စစ်ကောင်စီက ဒေါ်လာငွေ ထိန်းချုပ်ထားတာ၊ သွင်းကုန်လိုင်စင် အခက်အခဲတွေကြောင့် ဈေးနှုန်း ဆက်လက် မြင့်တက်လာတာ ဖြစ်ပြီး ဈေးကွက်အတွင်းမှာ ဆေးဝါးတချို့ ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာပါတယ်။ဆေးဝါးပြတ်လပ်လာတာကြောင့်…
လောင်းလုံး ၊ ဇူလိုင် (၃၀) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဟင်းချိုတော၊ သပြေရှောင်နဲ့ မောင်းမကန်ကျေးရွာတွေက ဒေသခံ ၁၂ ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ ညက ဟင်းချိုတောနဲ့ သပြေရှောင်ကျေးရွာမှာ ဧည့်စာရင်း ဝင်ရောက် စစ်ဆေးပြီးနောက် ဒေသခံတွေ ဖြစ်တဲ့ ဦးကျော်စွာမင်း၊…
ကျောက်ကြီး ၊ ဇူလိုင် (၃၀) ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ကျောက်ကြီးမြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုကို ဇူလိုင် ၂၉ ရက်နေ့ မနက် ၉ နာရီခွဲအချိန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံကရင်လူမှုရေးရာအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ ကျောက်ကြီးမြို့နယ်ထဲက စစ်ဘေးရှောင်တွေနေထိုင်တဲ့ နေရာတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံး…
https://youtu.be/vIOci2QQDbE
https://youtu.be/-26hCjkWV24