ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကိုစီရင်ခဲ့တဲ့ စစ်ကောင်စီကို ကိုရီးယားရောက်မြန်မာတွေ ဆန္ဒပြ
ဆိုးလ် – ဇူလိုင်(၃၀) အာဏာသိမ်းစစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ(၄) ဦးကို သေဒဏ်စီခဲ့တာနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့ ကိုရီးယားရောက် မြန်မာတွေစုပေါင်းပြီး ဒီနေ့ဇူလိုင်လ(၃၀) ရက်နေ့မှာ ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ဒီမိုကရေးစီအရေးထောက်ခံတဲ့ ကိုရီးယားအဖွဲ့အစည်းတွေနဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေစုပေါင်းပြီး ဆိုးလ်ဂွမ်ဟာမွန်းကနေ စစ်သံရုံးရှေ့အထိချီတက် ခဲ့ကြတာပါ။ အင်အား(၁) ထောင်ကျော်နဲ့ ဆန္ဒပြသူတွေဟာ အနက်ရောင်ဝတ်စုံတွေနဲ့ နှင်းဆီပန်းတွေကို ယူဆောင်လာကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ…
