ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းရဲ့ မိန့်ခွန်းတွေရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ခွင့်ပိတ်ပင်ခံရ

0
7842

အစ္စလာမာဘတ် – ဩဂုတ်(၃၁) 

ပါကစ္စတန်နိုင်ငံ မီဒီယာကွပ်ကဲမှုအဖွဲ့က ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ကန်ရဲ့ မိန့်ခွန်းတွေ ဟာ အခွင့်အာဏာကို ကျော်လွန်နေပြီလို့ဆိုပြီး ရုပ်သံလိုင်းတွေမှာ တိုက်ရိုက်ထုတ်လွှင့်ခွင့် ဆိုင်းငံ့ လိုက်တဲ့ အမိန့်ကို တရားရုံးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ 

တရားသူကြီးချုပ်ဟာ အမိန့်မချမှတ်ခင် ပါကစ္စတန်အီလက်ထရွန်းနစ်မီဒီယာ နည်းဥပဒေ အာဏာပိုင် Pakistan Electronic Media Regulatory Authority (PEMRA) မှာ တရားဝင် အရာရှိနှစ်ဦး ခန့်အပ်ဖို့ ညွှန်ကြားထားပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၀) ရက်နေ့က မြို့တော် အစ္စလာမာဘတ်မှာ ပြုလုပ်ခဲ့တဲ့ မိန့်ခွန်းမှာ ဝန်ကြီးချုပ်ဟောင်းက ရဲ၊တရားရေးအရာရှိတွေနဲ့ တခြားနိုင်ငံတော်အဖွဲ့အစည်းတွေကို ပြစ်တင်ဝေဖန်ပြီးနောက် အခုလိုပိတ်ပင်ခံလိုက်ရတာပါ။ 

PEMRA ရဲ့ ဩဂုတ်လ(၂၁) ရက်နေ့ ထုတ်ပြန်ချက်တစ်ခုမှာ ဝန်ကြီးချုပ်ဟောင်းဟာ အခြေ အမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံတော်အဖွဲ့အစည်းတွေနဲ့ အရာရှိတွေကို အမုန်းစကား ဖြန့် ဝေနေတဲ့အတွက် သူ့ရဲ့ မိန့်ခွန်းတွေတိုက်ရိုက်ထုတ်လွှင့်မှုတွေကို တားမြစ်ထားတာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၉ ကို ချိုးဖောက်ခြင်း” ဖြစ်သည်ဟု ပြောကြားခဲ့ပြီး “အချိန်ယူစစ်ဆေးဆောင်ရွက်သောယန္တရား”အားဖြင့် တည်းဖြတ်မှုထိန်းချုပ်မှုအား သေချာစေရန် “မှတ်တမ်းတင်ထားသော မိန့်ခွန်းကိုသာ ထုတ်လွှင့်ရန် အမိန့်ပေးခဲ့သည်” လို့ PEMRA ရဲ့ ခြောက်မျက်နှာပါ အကြောင်းကြားစာမှာဖော်ပြထားပါတယ်။ 

မိန့်ခွန်းကြောင့် Pakistan Tehreek-e-Insaf (PTI) ပါတီခေါင်းဆောင် ကန် ကို စွဲချက်တင်ထားတဲ့ အမှုတစ်ခုကို အာမခံပေးထားပြီး တရားသူကြီးတစ်ဦးကို ပြစ်တင်ရှုတ်ချခဲ့တာနဲ့ပတ်သက်ပြီး တရားရုံးက စွဲချက်တင်ထားတာနဲ့တော့ ရင်ဆိုင်နေရပါတယ်။ 

တရားရုံးက စွဲချက်တင်ခံထားရတဲ့ Pakistan Tehreek-e-Insaf (PTI) ပါတီခေါင်းဆောင် ကန် အနေနဲ့ ဩဂုတ်လ(၃၁) ရက်နေ့မှာ တရားရုံးကိုလာရောက်ဖို့ရှိတယ်လို့ ထင်ကြေးပေးနေတာတွေ ရှိနေပါတယ်။ 

PTI  ပါတီရှေ့နေကတော့ စီရင်ချက်နဲ့ပတ်သက်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်ဟာ ပါကစ္စတန် နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးဖြစ်တယ်လို့ အယ်ဂျာဇီးယား သတင်းဌာနကို ပြောပါတယ်။

ပါကစ္စတန်ရေဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖွေဖို့ နိုင်ငံတကာ တယ်လီသွန်တစ်ခု ကျင်းပဖို့ စီစဉ်ထားတဲ့အတွက် Khan ရဲ့ မိန့်ခွန်းတွေ ထုတ်လွှင့်ခွင့်ပြုဖို့ အရေးကြီးတယ်လို့ သူက ပြောပါသေးတယ်။ 

အစ္စလမ်မာဘတ်မြို့မှာ မိန့်ခွန်းပြောချိန်မှာ ကန်ရဲ့ အနီးကပ်လက်ထောက်ကို ဩဂုတ်လ(၉) ရက်နေ့က ဖမ်းဆီးခဲ့တဲ့အတွက် အကြီးတန်းရဲအရာရှိတွေကို တရားရုံးမှာ တရားစွဲမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ 

ကန် က သူရဲ့ လက်ထောက်ကိုဖမ်းဆီးထိန်းသိမ်းထားချိန်မှာ ရဲတပ်ဖွဲ့က ညှင်းပန်းနှိပ်စက်ခဲ့တယ် လို့စွပ်စွဲခဲ့ပြီး သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေဟာ သူ့ရဲ့ပါတိကို ဒုက္ခရောက်စေဖို့ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ ပူးပေါင်းကြံစည်မှုဖြစ်တယ်လို့ ပြောဆိုထားတာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကတော့ ငြင်းဆိုထားပါတယ်။ 

Ref: Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.