Thanlwintimes

ပခုက္ကူနဲ့ ဂန်ဂေါခရိုင်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေလို့ ပြည်သူတွေထွက်ပြေးနေရ

ပခုက္ကူ – ဇူလိုင်(၂၉) မကွေးတိုင်း ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်အတွင်းမှာ စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်တာ တွေပြုလုပ်နေတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေပါလုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကာကွယ်ရေးတပ်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပေါက်မြို့နယ် ကျားပစ်ကန်ရွာနဲ့ တောင်မြင့်ရွာတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ(၂၈) ရက်နေ့က စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေပါလုပ်ဆောင်ခဲ့တာပါ။ “ကျားပစ်ကန်ရွာမှာ မီးရှို့ခံရတာတော်တော်များတယ်။ တောင်မြင့်ရွာကိုလည်းမီးရှို့ခံရတယ်။ ဒီနေ့(ဇူလိုင်လ ၂၉ရက်)လည်း တေင်မြင့်ရွာကိုထပ်ပြီးမီးရှို့နေပြန်ပြီ။”…

မြန်မာနိုင်ငံမှာ စစ်ကောင်စီရှိရင်ငြိမ်းချမ်းသာယာတဲ့ နိုင်ငံဖြစ်မှာမဟုတ်ဘူးလို့ NUG ယာယီသမ္မတ ဆို

မော်လမြိုင် – ဇူလိုင်(၂၉) အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အာဏာရှင်ရှိရင် ငြိမ်းချမ်းသာယာတဲ့ နိုင်င့ဖြစ်မှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဇူလိုင်လ(၂၈) ရက်နေ့ ညနေပိုင်းကအမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံတော်အခြေပြ မိန့်ခွန်းမှာ အခုလို ပြောဆိုခဲ့တာပါ။ “မင်းအောင်လှိုင်နဲ့ စစ်ကောင်စီရှိနေသ၍ လူ့တန်ဖိုး လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ဆက်လက်ချိုးဖောက်နေမှာဖြစ်ကာ ဒီမိုကရေစီစံနှုန်းနဲ့ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံတော်တစ်ခု တည်ထောင်နိုင်မှာ မဟုတ်ဘူးဆိုတာ…

လက်နက်မှောင်ခိုရောင်းဝယ်သူအတွက် ဂရီနာကို လဲလှယ်ရန် သဘောတူညီမှုမရှိဟု ရုရှားပြော

လန်ဒန် ၊ ဇူလိုင် (၂၉) အမေရိကန်ပြည်ထောင်စုနှင့် အကျဉ်းသားလဲလှယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေပေမယ့် အထိန်းသိမ်းခံထားရတဲ့ အမေရိကန်ဘတ်စကက်ဘောကြယ်ပွင့် ဘရစ်တနီဂရီနာကို ရုရှားလက်နက်ရောင်းဝယ်သူ ဗစ်တိုဘောက်တ်နဲ့ လဲလှယ်ရန် သဘောတူညီချက်မရှိဘူးလို့ ရုရှားနိုင်ငံက ဇူလိုင် ၂၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ခ်က “ဒီအပိုင်းမှာတော့ အခုအချိန်အထိ သဘောတူညီချက်တွေ မရှိသေးပါဘူး” လို့ ပြောဆိုခဲ့တာပါ။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက…

ကျေးလက်နေပြည်သူတွေမြန်နှုန်းမြင့်အင်တာနက်သုံးနိုင်ဖို့ အမေရိကန်အစိုးရက ဒေါ်လာသန်း လေးရာ အသုံးပြုမယ်

ဝါရှင်တန် – ဇူလိုင်(၂၉) အမေရိကန်နိုင်ငံအတွင်းက ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့ပြည်သူ(၃) သောင်းကျော်နဲ့ ပြည်နယ်(၁၁) ပြည်နယ်က စီးပွားရေးလုပ်ငန်းတွေအတွက်မြန်နှုန်းမြင့် အင်တာနက် ထောက်ပံ့ ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ (၄၀၁) မီလျံ အသုံးပြုသွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်မှာ ဝက်ဘ်ဆိုဒ်ပလက်ဖောင်တွေကို လက်လှမ်းမီအသုံးပြုနိုင်ဖို့အတွက် အစိုးရရဲ့ အစိတ်အပိုင်းအဖြစ်ပါဝင်တာပါ။ “ကျွန်ုပ်တို့က ဒီငွေတွေနဲ့အတူ လူတိုင်းအတွက် သင့်တော်ပြီး ယုံကြည်စိတ်ချရသော အင်တာ နက်ဖြစ်စေရေး…