KNU တပ်မဟာ(၃) နယ်မြေမှာ ရာသီတုပ်ကွေး အစုလိုက်အပြုံလိုက် ဖြစ်ပေါ်နေလို့ ဆေးဝါးကုသမှု လိုအပ်နေ
မော်လမြိုင် ၊ နိုဝင်ဘာ (၁၈) ကေအဲန်ယူ တပ်မဟာ ၃ ညောင်လေးပင်ခရိုင်အတွင်းက ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ညောင်လေးပင်ခရိုင်အတွင်းက ဒေသခံပြည်သူတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့ ရာသီအကူးအပြောင်းကာလမှာ နေထိုင်မကောင်းတာနဲ့ ဖျားနာတာတွေ အစုလိုက် အပြုံလိုက် ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီဒေသမှာ ကျန်းမာရေးဝန်ထမ်းတွေ မရှိတဲ့အတွက်ကြောင့် ဒေသခံတွေအတွက်…