March 20, 2026

တနင်္သာရီမှာ စစ်တပ်အသေခံဒရုန်းကြောင့် ကလေးငယ်သုံးဦး ဒဏ်ရာရ

တနင်္သာရီ၊ မတ် ၂၀ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စုမှာ စစ်ကော်မရှင်တပ်ရဲ့ အသေခံ ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက် နေ့လယ် ၁၀ နာရီအချိန်ခန့်မှာ ဇဝဲကျေးရွာအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းကနေ ပဝကျေးရွာအုပ်စုရှိ ပိန်းတောကျေးရွာကို ကာမီကာဇေဒရုန်းအသေးစားတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။…