မော်လမြိုင်မြို့မှာ ကျုးကျော်အကြောင်းပြချက်နဲ့ နေအိမ် ၂၀ ကျော် ဖြိုချဖျက်ဆီးခံရ
မော်လမြိုင် ၊ ဖေဖော်ဝါရီ ၅ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်မှာ ကျူးကျော်အကြောင်းပြချက်နဲ့ နေအိမ် ၂၀ ကျော်ကို စစ်ကော်မရှင်က အင်အားအလုံးအရင်းနဲ့ ဖြိုချဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က မုပွန်ရပ်ကွက် ဘူတာဟောင်းအနီးရှိ ဒေသခံတွေရဲ့ နေအိမ် ၂၀ ကျော်ကို အင်အား အများအပြား…
