ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ စစ်တပ်အပြင်းအထန် ကြိုးပမ်း
တနင်္သာရီ၊ ဖေဖော်ဝါရီ ၂၆ ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကော်မရှင်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်ပွားနေတယ်လို့ KNU မြိတ်ထားဝယ်ခရိုင်ထံက သိရပါတယ်။ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မောတောင်မြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းကတည်းက အပြင်းအထန် ထိုးစစ်ဆင်နေတာပါ။ စစ်ကော်မရှင်တပ်ဟာ မောတောင်မြို့ ပြန်လည်ရရှိရေးအတွက် အင်အား…
