ရွေးကောက်ပွဲအလွန် အားလုံးပါဝင်တဲ့ တွေ့ဆုံရေး အဓိကကျတယ်လို့ အပစ်ရပ် ၇ ဖွဲ့ပြော
မော်လမြိုင် ၊ ဇန်နဝါရီ ၃၀ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခလျော့ပါးချုပ်ငြိမ်းရေးအတွက် NCA ဟာ ဒီကနေ့အထိ အရေးပါနေဆဲလို့ စစ်ကော်မရှင်က ပြောဆိုနေပေမယ့် အပစ်ရပ်မဟာမိတ် ၇ ဖွဲ့ကတော့ ရွေးကောက်ပွဲအလွန် အင်အားစုတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံရေးဟာ အဓိကကျတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ်အာဏာသိမ်းမှုကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် စတင်အကောင်အ ထည်ဖော်ခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု…
