January 2026

သမားရိုးကျမဟုတ်တဲ့ စစ်ပွဲတွေအတွက်ပါ လေကြောင်းနဲ့ လက်နက်စနစ်တွေ ဖြည့်တင်းနေတယ်လို့ စစ်တပ်ပြော

နေပြည်တော် ၊ ဇန်နဝါရီ ၂၄ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲတွေကို ရင်ဆိုင်နေရတဲ့ စစ်တပ်က သမားရိုးကျ စစ်ပွဲအပြင် သမားရိုးကျမဟုတ်တဲ့ စစ်ပွဲတွေနဲ့ စိန်ခေါ်မှုတွေကို ခုခံတွန်းလှန်နိုင်ရေး လေကြောင်းနဲ့ လက် နက်စနစ်တွေ ဝယ်ယူဖြည့်တင်းနေပါတယ်။ ခေတ်မီလေတပ်ဖြစ်ရေး လေယာဉ်၊ ရဟတ်ယာဉ်တွေ မောင်းသူမဲ့လေယာဉ်နဲ့ လက်နက်စနစ်တွေ ဝယ်ယူဖြည့်တင်းမှုကို အလေးထားလုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြောပါတယ်။…

မြဝတီမြို့ကိုကာကွယ်ဖို့ အပစ်ရပ် ကရင်လက်နက်ကိုင်နှစ်ဖွဲ့ကို စစ်တပ်အမိန့်ပေး

မြဝတီ၊ ဇန်နဝါရီ ၂၄ ကရင်ပြည်နယ် မြဝတီမြို့ လုံခြုံရေးအတွက် အပစ်ရပ် ကရင်လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ DKBA နဲ့ KNU/KNLA PC တပ်ဖွဲ့တို့က တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကော်မရှင်တပ်ရဲ့ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်က ညွှန်ကြားလာပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က မြဝတီမြို့မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်မ ၂၂ တပ်မမှူးနဲ့…

ကလေးထောင်မှာ အကျဉ်းသားတွေကို ခေါင်းပုံဖြတ်အနိုင်ကျင့်ခံနေရ

ကလေး၊ ဇန်နဝါရီ ၂၄ စစ်ကိုင်းတိုင်း ကလေးအကျဉ်ထောင်မှာ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို လာဘ်ယူပြီး အနိုင်ကျင့် ခေါင်းပုံဖြတ်တာတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် PPNM ထံက သိရပါတယ်။ ကလေးအကျဉ်းထောင်ရှိ လက်ထောက်ကြီးကြပ်ရေးမှူး ကျော်ထက်ဦးဟာ အကျဉ်းသားတွေကို ကွမ်းပေါင်းရောင်းချတာ အကျဉ်းသားတွေ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ပုံမှန်ထက် ဈေးသုံးဆ တင်ပြီး ရောင်းချတာ အကျဉ်းသားတွေအား…

စစ်အာဏာသိမ်း (၁၈၁၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၇၀၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၄ AAPP ရဲ့ ဇန်နဝါရီ၂၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၁၈) ရက်အတွင်း ပြည်သူ (၇၇၀၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၃၂၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၇၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မလေးရှား ကာချုပ်ဟောင်း ဒေါ်လာ ၁၉၀,၀၀၀ လာဘ်ယူမှုနဲ့ စွဲချက်တင်ခံရ

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၃ မလေးရှား ကာကွယ်ရေးဦးစီးချုပ်ဟောင်းကို အာဏာ အလွဲသုံးစားလုပ်မှု၊ စစ်တပ် ဖူလုံရေး ရန်ပုံငွေ အလွဲသုံးစားလုပ်မှုနဲ့ ဆက်စပ်တဲ့ ဥပဒေချိုးဖောက်မှုတွေအတွင်း မလျော်မကန် လုပ်ဆောင်မှုတို့နဲ့ ဇန်နဝါရီ ၂၃ ရက်မှာ စွဲချက်တင်လိုက်ပါတယ်။ အသက် ၅၉ နှစ်အရွယ် မိုဟာမက် နီဇမ် ဂျက်ဖာဟာ ဖူလုံရေးရန်ပုံငွေနဲ့ ဖြန့်ဖြူးပေးတဲ့ လွတ်လပ်ရေးနေ့ စားစရာ လက်ဆောင်ခြင်းတွေအတွက်…

အီရန်သို့ အမေရိကန် စစ်သင်္ဘောအုပ်စု စေလွှတ်ထားပြီလို့ ထရန့် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ အမေရိကန် စစ်သင်္ဘောအုပ်စု အီရန်ဆီ ဦးတည်သွားနေပြီ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က ဇန်နဝါရီ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။ အီရန်အနေနဲ့ နျူကလီးယား စီမံကိန်း ပြန်စတင်တာ ဒါမှမဟုတ် ဆန္ဒပြသူတွေကို သတ်ဖြတ်တာတွေ ဆက်မလုပ်ဖို့ ထရန့်က ထပ်မံ သတိပေးထားပြီး သူ့အနေနဲ့ အဲဒီ စစ်သင်္ဘော အုပ်စုကို…

တောင်ငူမှာ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး မိုင်းနင်းမိရာက ခြေတစ်ဖက် ပြတ်တောက်

မော်လမြိုင် ဇန်နဝါရီ ၂၃ ပဲခူးတိုင်း တောင်းငူမြို့ မုန်း ၆ ရပ်ကွက်မှာ နေထိုင်သူ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးဟာ တောစပ်မှာ ထင်းခွေထွက်ရင်း မိုင်းနင်းမိရာက ခြေထောက်တစ်ပြတ်တောက်သွားတယ်လို့ မြို့ခံ ပရဟိတအဖွဲ့တချို့က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက် မနက်ကိုင်းမှာ သူနေထိုင်တဲ့ မုန်းရပ်ကွက်အနီးရှိ တောစပ်မှာ ထင်းရှာထွက်ခဲ့တဲ့ အသက် ၅၇ နှစ်အရွယ်…

ရွေးကောက်ပွဲ ကျင်းပမယ့် ပုလောမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ထောင်ချီ ထွက်ပြေးနေရ

ပုလော၊ ဇန်နဝါရီ ၂၃ အထွေထွေရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပဖို့ ရှိနေတဲ့ တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ပုလောမြို့နယ် ရှပ်ပုံကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ရက်ဆက်…

KNA တပ်ဖွဲ့ဝင်တွေ မြဝတီမြို့က ထွက်ခွာကြဖို့ စစ်တပ် သတိပေး

မြဝတီ၊ ဇန်နဝါရီ ၂၃ ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ကရင်အမျိုးသားတပ်မတော် KNA တပ်ဖွဲ့ဝင်တွေအနေနဲ့ လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့အပြီး ထွက်ခွာသွားဖို့ စစ်ကော်မရှင်တပ်ရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က သတိပေးလိုက်ပါတယ်။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ BGF တပ်နယ် ၁၊ တပ်နယ် ၂၊ တပ်နယ် ၃၊ တပ်နယ် ၄ က KNA လက်မောင်းတံဆိပ် တပ်ဆင်ထားသူတွေ…

‎ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်၊ ရုရှားတို့နဲ့ သုံးပွင့်ဆိုင်ဆွေးနွေးသွားမယ်လို့ ဇီလန်စကီး ပြော

‎ဒါးဗို့စ်၊ ဇန်နဝါရီ ၂၃‎‎သမ္မတ ဒေါ်နယ် ထရန့်နဲ့ ဒါးဗို့စ်မြို့မှာ တွေ့ဆုံခဲ့ပြီးနောက် သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး အမေရိကန်၊ ရုရှားတို့နဲ့ ယူအေအီးနိုင်ငံမှာ သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။‎‎သံတမန်ရေး အရကြိုးပမ်းမှု အရှိန်ပိုမြင့်လာပုံရနေချိန် အမေရိကန် သမ္မတ ထရန့်က သူနဲ့ ဇီလန်စကီးလို့ ဆွေးနွေးမှု အခြေအနေ…