ဘီးလင်းမှာ ပြည်သူ့စစ်တွေက စားသောက်ဆိုင်တွေမှာ ငွေမပေးဘဲ သေနတ်ပြစားသောက်
ဘီးလင်း၊ ဒီဇင်ဘာ ၃ မွန်ပြည်နယ် ဘီးလင်းမြို့နယ် သစ်တိုကျွန်းကျေးရွာမှာ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးဆင်းချိန် လုံခြုံ ရေးလိုက်ပေးတဲ့ ပြည်သူ့စစ်တွေက စားသောက်ဆိုင်တွေမှာ ငွေမပေးဘဲ သေနတ်ပြစားသောက်မှုတွေကြောင့် ဆိုင်ရှင်တွေ နစ်နာခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာ ၁ ရက်နေ့တို့မှာ ဘီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေ သစ်တိုကျွန်းနဲ့အနီးအနားကျေးရွာတွေကို မဲဆွယ်စည်းရုံးမှုဆင်းခဲ့ရာ…
