December 2025

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံး အဆင့်ရောက်ရှိနေပြီလို့ ကုလ ပြော

နယူးယောက်၊ ဒီဇင်ဘာ ၃ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဆယ်စုနှစ် တစ်စုအတွင်း အမြင့်မားဆုံး အဆင့်သို့ ရောက်ရှိနေပြီး ပြီးခဲ့တဲ့နှစ်အတွင်း ၁၇ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ကုလသမဂ္ဂက ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။ တိုက်ပွဲတွေနဲ့ စီးပွားရေး ခက်ခဲမှုကြောင့် တောင်သူတွေကို တရားမဝင် ဘိန်းရောင်းဝယ်မှုတွေဆီ ထပ်ပြီး တွန်းပို့နေတယ်လို့ ကုလသမဂ္ဂက…

မြန်မာအပါအဝင် ၁၉ နိုင်ငံက ရွှေ့ပြောင်းနေထိုင်ဖို့ လျှောက်ထားမှု အားလုံး အမေရိကန် ရပ်ဆိုင်း

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ ထရန့်အစိုးရက အမျိုးသားလုံခြုံရေး၊ အများပြည်သူ ဘေးကင်းရေးနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကို အကြောင်းပြပြီး ဥရောပ မဟုတ်တဲ့ နိုင်ငံ ၁၉ နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေ လျှောက်ထားလာတဲ့ အစိမ်းရောင်ကတ် ထုတ်ပေးမှုနဲ့ အမေရိကန်နိုင်ငံသား လျှောက်ထားမှုတို့ အပါအဝင် ရွှေ့ပြောင်းနေထိုင်ဖို့ လျှောက်ထားမှု အားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း ဒီဇင်ဘာ ၂ ရက်က ပြောကြားပါတယ်။ အဲဒီ…

မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ စာရင်းမှာ မြန်မာနဲ့ ဆီးရီးယား ဆက်လက်ဦးဆောင်

မော်လမြိုင် ဒီဇင်ဘာ ၃ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ ခဲယမ်းတွေကြောင့် လူသေဆုံးဒဏ်ရာရသူဟာ ၂၀၂၄ ခုနှစ်အရောက် လေးနှစ်တာကာလအတွင်း အမြင့်ဆုံးရောက်လာကြောင်း၊ သေဆုံးသူအများဆုံးနိုင်ငံစာရင်းမှာ မြန်မာနဲ့ ဆီးရီးယားတို့ ဆက်လက်ဦးဆောင်နေတယ်လို့ ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်တဲ့ မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ ၂၀၂၅ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေအတွင်း အခုလို မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက် ဒဏ်ရာရ၊…

စစ်ကော်မရှင် လွတ်ငြိမ်းမှာ မွန်နဲ့တနင်္သာရီက နိုင်ကျဉ်း ၂၉ ဦးသာ ပါဝင်

ထားဝယ်၊ ဒီဇင်ဘာ ၃ ရွေးကောက်ပွဲ မဲပေးနိုင်ဖို့ အကြောင်းပြချက်နဲ့ စစ်ကော်မရှင် လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုမှာ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက နိုင်ငံရေးအကျဉ်းသား ၂၉ ဦးသာ လွတ်မြောက်လာခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ အာဏာသိမ်း စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက်ဆိုပြီး နိုင်ငံတဝန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို…

မွန်ပြည်နယ်မှာ စစ်မှုထမ်း တပ်သားသစ်ပေးဖို့ စစ်ကော်မရှင် ဖိအားပေးပြန်

မော်လမြိုင် ၊ ဒီဇင်ဘာ ၃ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ဟာ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲ နီးကပ်လာချိန် စစ်မှုထမ်း တပ်သားသစ်ပေးဖို့ ဖိအားပေးနေတယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ အခုလအတွင်း ဖွင့်လှစ်ဖို့ရှိနေတဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၂၀ အတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းတပ်သားသစ်ပေးဖို့ ဖိအားပေးလာတာ…

သူပိုင်ငါပိုင်ပြောနေတဲ့ ကျွန်းစုအနီး ဂျပန်နဲ့ တရုတ် သင်္ဘောတွေ ထိပ်တိုက်တွေ့

ဘေဂျင်း၊ တိုကျို၊ ဒီဇင်ဘာ ၃ အရှေ့တရုတ်ပင်လယ်ရှိ ပထဝီနိုင်ငံရေးအရ အတိမ်းအစောင်း မခံနိုင်တဲ့ ကျွန်းစုအနီး ဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်တွေ့မှုနဲ့ ပတ်သက်လို့ ဂျပန်နဲ့ တရုတ် ကမ်းခြေစောင့်တပ်တို့ရဲ့ ပြောဆိုမှုတွေ ကွဲလွဲနေပါတယ်။ တိုကျိုက ဆန်ကာကူ ကျွန်းစုလို့ ခေါ်တဲ့ တီယာအိုယုကျွန်း ရေပြင်သို့ ဂျပန် ငါးဖမ်းလှေ တစ်စီး တရားမဝင် ဝင်ရောက်ခဲ့တယ်လို့ တရုတ် ကမ်းခြေစောင့်တပ်က…

ဥရောပက စစ်ပွဲလိုလားရင် တစ်ယောက်မှ မကျန်အောင် ချေမှုန်းပစ်မယ်လို့ ပူတင် သတိပေး

မော်စကို၊ ဒီဇင်ဘာ ၃ ဥရောပ အင်အားကြီးတွေအနေနဲ့ ရုရှားနဲ့ စစ်ပွဲ စတင်ခဲ့မယ်ဆိုရင် မော်စကိုက တိုက်ခိုက်ဖို့ အသင့်ရှိပြီး ငြိမ်းချမ်းရေး သဘောတူညီမှု ညှိနှိုင်းဖို့အတွက်တောင် တစ်ယောက်မှမကျန်အောင် လုံးဝချေမှုန်းပစ်ဖို့ မိမိတို့ သင့်ရှိတယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က ဒီဇင်ဘာ ၂ ရက်မှာ သတိပေးလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ လူသေဆုံးမှု အများဆုံး စစ်ပွဲ…

စစ်အာဏာသိမ်း (၁၇၆၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၅၁၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၃ AAPP ရဲ့ ဒီဇင်ဘာ၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၆၆) ရက်အတွင်း ပြည်သူ (၇၅၁၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၀၆၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၈၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

ရွှေကုက္ကိုမြို့က အဆောက်အဦ ၁၀၀ ကျော် ချိပ်ပိတ်သိမ်းဆည်း

မြဝတီ၊ ဒီဇင်ဘာ ၃ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့ထဲမှာ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုလုပ်ငန်း လုပ်ကိုင်နေသူတွေကို မတွေ့ရတော့ဘဲ အွန်လိုင်းလိမ်လည်မှုတွေလုပ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ တရားမဝင်အဆောက်အဦး ၁၀၀ ကျော်ကို ချိပ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုလုပ်ငန်းတွေ တည်ရှိရာ ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုမြို့သစ်ထဲကို စစ်ကော်မရှင်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့က ပြီးခဲ့တဲ့…

ကြံ့ခိုင်ရေးပါတီကို မဲပေးကြဖို့ စစ်ခေါင်းဆောင်မဲဆွယ်

နေပြည်တော် ၊ ဒီဇင်ဘာ ၃ ဆန္ဒမဲတွေပေးတဲ့အခါ စစ်တပ်နဲ့ သဟဇာတဖြစ်အောင် လက်တွဲနိုင်သူတွေကိုမဲပေးဖို့ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်မှာ တက်ရောက်နေတဲ့ သင်တန်းသား သင်တန်းသူတွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သွယ်ဝိုက်တဲ့နည်းနဲ့ မဲဆွယ်စည်းရုံးပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့မှာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်က ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး)နဲ့ ဗဟိုမီးသတ်သင်တန်းကျောင်း (ပြင်ဦးလွင်) တို့က နည်းပြအရာရှိတွေနဲ့ သင်တန်းသား…