December 9, 2025

စစ်အာဏာသိမ်း (၁၇၇၃)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၅၆၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၁၀ AAPP ရဲ့ ဒီဇင်ဘာ၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၇၃) ရက်အတွင်း ပြည်သူ (၇၅၆၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၀၉၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၄၁၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ စစ်တပ်ရဲ့ ပါဝင်မှု လျှော့ချနိုင်မလား

မော်လမြိုင် ၊ ဒီဇင်ဘာ ၁၀ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်တွေ ထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မရှိတဲ့အချိန်မှာ စစ်တပ်အနေနဲ့ လွှတ်တော်မှာ ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ထုတ်ပြောပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ စစ်ကော်မရှင် ဦးဆောင်တဲ့ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြင်ဦးလွင်တပ်နယ်ကို ရောက်ရှိခဲ့ချိန် ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြောကြားခဲ့တာပါ။…

KNU နယ်မြေမှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှု ပိုမိုမြင့်တက်လာ

ဘားအံ၊ ဒီဇင်ဘာ ၁၀ KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုမြင့်တက်လာခဲ့သလို စစ်ဘေးရှောင်ပြည်သူအရေအတွက်ကလည်း ၁ ဒသမ ၂ သန်းကျော် အထိ မြင့်တက်လာခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ “အရှေ့ဘက်နယ်စပ်ကို ပြန်လည်သိမ်းပိုက်ခြင်း”ဆိုတဲ့ အစီရင်ခံစာကို ဒီဇင်ဘာ ၉ ရက်နေ့မှာ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN…

မွန်ပြည်နယ်မှာ ဖမ်းဆီးထားတဲ့ ကျားဖြန့်လုပ်သား ၆၀၀ ကျော် ပြန်လွှတ်

သထုံ၊ ဒီဇင်ဘာ ၁၀ မွန်ပြည်နယ် သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ဘီးလင်း၊သထုံနဲ့ ပေါင်မြို့နယ်တို့မှာ ပိတ်ဆို့ဖမ်းဆီးခဲ့တဲ့ ကျားဖြန့်လုပ်သား ၆၀၀ ကျော်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ကစလို့ ကရင်ပြည်နယ် မြဝတီမြို့နယ်ကနေ ပြန်လာတဲ့ ကျားဖြန့်လုပ်ငန်းတွေကို သထုံခရိုင်အတွင်း ဝင်ရောက်နိုင်တဲ့ လမ်းပိုင်းတွေမှာ ပိတ်ဆို့ဖမ်းဆီးခဲ့တာပါ။…

ကရင်နီပြည်နယ်မှာ စစ်ကော်မရှင်တပ် ထောင်တဲ့ မြေမြှုပ်မိုင်းတွေကြောင့် တိရစ္ဆာန်တွေ မိုင်းထိနေ

မော်လမြိုင် ဒီဇင်ဘာ ၉ ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်မှာ စစ်ကော်မရှင်တပ် အခြေစိုက် တပ်စွဲထားတဲ့ ပတ်ဝန်းကျင် တောင်ယာခင်းတွေနဲ့ လူသွားလူလာရှိတဲ့နေရာတွေမှာ စစ်ကော်မရှင်တပ်ဟာ အရပ်ဝတ်အသွင်နဲ့ မြေမြှုပ်မိုင်းထောင်တာတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ရေးပါတယ်။ ဒီမော့ဆို-ဖရူဆို လမ်းမကြီးကို ထိန်းချုပ်ထားနိုင်ဖို့ ကင်းစောင့်ချထားတဲ့အပြင် စစ်ကော်မရှင်တပ်က အနီးဝန်းကျင် ကျေးရွာတွေနဲ့ တောင်ပေါ်တွေမှာပါ မြေမြှုပ်မိုင်းထောင်တာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိတော့…

ကမ္ဘောဒီးယား ဒရုန်းထိန်းချုပ်ရေးစင်တာကို ထိုင်း တိုက်ခိုက်ဖျက်ဆီး

ဘန်ကောက်၊ ဒီဇင်ဘာ ၉ ကမ္ဘောဒီးယားက ဒရုန်း ထိန်းချုပ်ရေး စင်တာအဖြစ် အသုံးပြုနေတဲ့ နယ်စပ် ကာစီနိုရုံ အဆောက်အဦကို ထိုင်း အက်ဖ် ၁၆ တိုက်လေယာဉ် တစ်စီးက တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် အခုအချိန်မှာ ထိုင်းလူနေဒေသတွေကို ခြိမ်းခြောက်နေတဲ့ ဒုံးကျည် အခြေစိုက် စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ထိုင်းတော်ဝင်လေတပ်က ပြောပါတယ်။ အူဘွန်ချက်ဌာနီ ဒေသ တစ်ဖက်…

မြန်မာ ရွေးကောက်ပွဲကို အသိအမှတ်ပြုနိုင်တဲ့ အနေအထားမှာ မရှိဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

ဘန်ကောက်၊ ဒီဇင်ဘာ ၉ စစ်ကော်မရှင် ကျင်းပမယ့် မြန်မာရွေးကောက်ပွဲဟာ ယုံကြည်စိတ်ချလို့ မရတာကြောင့် အသိအမှတ်ပြုနိုင်မယ့် အနေအထားမှာ မရှိဘူးလို့ နေပြည်တော် ခရီးစဉ်အပြီး ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ဘန်ကောက်မြို့မှာ ပြောလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲပြီးနောက် အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးဖို့လည်း စစ်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖျူအန်ခတ်ကွေးက သတင်းထောက်တွေကို ဒီဇင်ဘာ…

မြိတ်-ကော့သောင်းလမ်းပိုင်း ညပိုင်းမသုံးဖို့ ခရိုင် PDF သတိပေး

မြိတ်၊ ဒီဇင်ဘာ ၉ တနင်္သာရီတိုင်း မြိတ်မြို့နယ်နဲ့ ကော့သောင်းမြို့နယ်ရဲ့ ပြည်ထောင်စုလမ်းမကြီးပိုင်းမှာ ညပိုင်း ခရီးသွားလာတာ မပြုလုပ်ကြဖို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။ အဲဒီပြည်ထောင်စု ကာလမ်းမကြီးပိုင်းကို ဒီဇင်ဘာ ၈ ရက်နေ့ကစပြီး ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း ခရီးသွားလာတာ မပြုကြဖို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တားမြစ်ထားတာပါ။ ဒီလမ်းပိုင်းကို အသုံးပြုပြီး စစ်ကော်မရှင်တပ်က…

တနင်္သာရီတိုင်းမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ဒေသတွေ ထပ်တိုးလာနိုင်

တနင်္သာရီ၊ ဒီဇင်ဘာ ၉ အခုနှစ်ကုန်ပိုင်းနဲ့ လာမယ့်နှစ် အစောပိုင်းမှာ ကျင်းပသွားမယ့် ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ တနင်္သာရီတိုင်းရှိ မြို့နယ် ခုနှစ်မြို့နယ်မှာ အလုံးစုံ မကျင်းပနိုင်ဘူးလို့ စစ်ကော်မရှင်ခန့် ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တနင်္သာရီတိုင်းအတွင်းရှိ မြိတ်၊…

မုဒုံမြို့နယ် နိုင်လုံကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ပစ်သတ်ခံရ

မုဒုံ၊ ဒီဇင်ဘာ ၉ မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လုံကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးတို့ဟာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်လုံကျေးရွာအုပ်ချုပ်ရေးမှူးအသစ်ဖြစ်တဲ့ အသက် ၄၀ ကျော်အရွယ် ဦးဇင်မျိုးဦး (ခေါ်)နိုင်ထွဋ်နဲ့ အသက် ၃၀ ကျော်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင် မင်းဗညားမွန်တို့ဟာ ဒီဇင်ဘာ ၇ ရက်နေ့ မနက်…