November 27, 2025

မော်လမြိုင်သာသနာနွယ် ဆရာတော် ဖမ်းဆီးခံရ

မော်လမြိုင်၊ နိုဝင်ဘာ ၂၇ မွန်ပြည်နယ် မော်လမြိုင်မြို့ ဇေတဝန်ကျောင်းတိုက် သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင် စန္ဒာဇောတိဟာ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ မော်လမြိုင်သာသနာနွယ် ဆရာတော် အရှင် စန္ဒာဇောတိဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မော်လမြိုင် တောင်ဝိုင်းတောင်မှာ မွန်ပြည်နယ်စစ်ကော်မရှင်ရဲ့ တောင်မြေဖြိုမှုအပေါ်…

ထိုင်ဝမ်အရေး တရုတ်ကို ရန်မစဖို့ ဂျပန်ဝန်ကြီးချုပ်ကို ထရန့် ပြော

တိုကျို၊ နိုဝင်ဘာ ၂၇ တိုကျိုနဲ့ ဘေဂျင်းကြား သံတမန်ရေး အငြင်းပွားမှု ဖြစ်ပွားပြီးနောက် ထိုင်ဝမ်ရဲ့ အချုပ်အခခြာ အာဏာပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ တရုတ်ကို ရန်မစဖို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအီချီကို နိုဝင်ဘာ ၂၇ ရက်မှာ အကြံပေးထားကြောင်း Wall Street Journal ကဖော်ပြပါတယ်။ တရုတ်က သူတို့ ကိုယ်ပိုင်…

အာဖဂန်နစ္စတန် နိုင်ငံသားတွေရဲ့ ရွှေ့ပြောင်းနေထိုင်ခွင့် တောင်းဆိုမှု အမေရိကန် ဆိုင်းငံ့

ဝါရှင်တန်၊ နိုဝင်ဘာ ၂၇ အိမ်ဖြူတော်အနီး အမျိုးသားအစောင့် တပ်ဖွဲ့ဝင် နှစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ သံသယရှိသူဟာ အာဖဂန်နစ္စတန်နိုင်ငံသား ဖြစ်ကြောင်း ဖော်ထုတ် သိရှိပြီးနောက် အာဖဂန်နစ္စတန် နိုင်ငံသားတွေအတွက် ရွှေ့ပြောင်းနေထိုင်ခွင့် တောင်းခံမှုတွေ အားလုံးကို အမေရိကန် အစိုးရက ရပ်ဆိုင်းလိုက်ပါတယ်။ လုံခြုံရေးနဲ့စစ်ဆေးရေး လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ရေး လုပ်ဆောင်ဖို့ ရှိနေတဲ့ အတွက် အခုလို ဆုံးဖြတ်ရတာ ဖြစ်ကြောင်း…

ရေးမှာ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ရေး၊ နိုဝင်ဘာ ၂၇ မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ အစင်-ဇီးဖြူသောင်ကျေးရွာလမ်းပိုင်းမှာ စစ်တပ် သြဇာခံ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ ည ၇ နာရီအချိန်လောက်မှာ အစင်ကျေးရွာဘက်ကနေ ဇီးဖြူသောင်ကျေးရွာဘက်ကို ဆိုင်ကယ်နဲ့သွားတဲ့ အသက် ၅၀ ကျော်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင်…

ရွေးကောက်ပွဲနီးလာချိန် တနင်္သာရီမှာ စစ်ဘေးရှောင် ၉၀၀၀၀ ကျော်အထိ တိုးလာ

တနင်္သာရီ၊ နိုဝင်ဘာ ၂၇ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၉၃၀၀၀ ကျော်အထိ တိုးလာခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi အဖွဲ့ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကော်မရှင်တပ်က ကျေးရွာတွေ စစ်ကြောင်းထိုး ဝင်ရောက်တာ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေအပြင် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ…

ထိန်းချုပ်နယ်မြေမှာ မည်သည့်လက်နက်ကိုင်တပ်တွေမှ ဖြတ်သန်းခွင့်မပြုဘူးလို့ DKBA စာထုတ်

မြဝတီ၊ နိုဝင်ဘာ ၂၇ မင်းလက်ပံရွာက DKBA ရဲ့ တရုတ်ကျားဖြန့်ဝင်းကို KNU က ဝင်ရောက်စီးနင်းမှုဖြစ်စဉ်အပြီး ဖလူးလေး၊ ဝေါ်လေနဲ့ စုကလိအထိ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို ဖြတ်သန်းသွားလာခြင်း ခွင့်မပြုကြောင်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ ဖလူးလေး၊ ဝေါ်လေနဲ့ စုကလိအထိ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို ဖြတ်သန်းသွားလာခြင်း ခွင့်မပြုကြောင်း အရေးပေါ်သွားလာဖို့…

ဟောင်ကောင် အထပ်မြင့် လူနေအဆောက်အဦ မီးလောင်မှုမှာ ၄၄ ဦး သေဆုံးပြီး ၂၇၉ ဦး ပျောက်ဆုံးနေ

ဟောင်ကောင်၊ နိုဝင်ဘာ ၂၇ ဟောင်ကောင်ရဲ့ တိုင်ပိုဒေသမှာ အထပ်မြင့် လူနေအဆောက်အဦတွေ ကြီးကြီးမားမား မီးလောင်မှု ဖြစ်ပွားပြီး လူ ၄၄ ဦး သေဆုံးကြောင်း အတည်ပြုထားပါတယ်။ ပျောက်ဆုံးနေသူ ၂၇၉ ဦး ရှိပြီး ဝါးနဲ့ ပလတ်စတစ်ပစ္စည်းတွေ အပါအဝင် မီးလောင်လွယ်တဲ့ ပစ္စည်းတွေ ထားရှိတဲ့ ဆောက်လုပ်ရေးကုမ္ပဏီ အရာရှိ သုံးဦး လူသေဆုံးစေမှု သံသယနဲ့…

ထိုင်းတောင်ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် လူ ၃၃ ဦး သေဆုံး

ဟတ်ယိုင်၊ နိုဝင်ဘာ ၂၇ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ နှစ်များစွာအတွင်း အဆိုးရွားဆုံး ရင်ဆိုင်နေရတဲ့ ရေဘေးကြောင့် သေဆုံးသူ ၃၃ ဦးအထိ ရှိလာချိန်မှာ အာဏာပိုင်တွေက နာမကျန်း ဖြစ်နေသူတွေကို လေကြောင်းနဲ့ ကယ်ထုတ်ပြီး အောက်စီဂျင်ဗူးတွေ အပါအဝင် အရေးကြီးတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ထားပါတယ်။ ထိုင်းနိုင်ငံရဲ့ ပြည်နယ် ၉ ခုနဲ့ အိမ်နီးချင်း မလေးရှားနိုင်ငံရဲ့…