မောတောင်၊ နိုဝင်ဘာ ၂၂
ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့အတွက် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ တော် လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မောတောင်မြို့ကို တော်လှန်ရေးအင်အားစုတွေ တိုက် ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကော်မရှင်တပ် လေကြောင်းကနေ စစ်ကူလာရောက်ပို့ဆောင်ပေးတဲ့အပြင် မြေပြင်စစ်ကြောင်းတွေကပါ အင်အားဖြည့်တင်းနေတာကြောင့် သိန်ခွန်းကျေးရွာနဲ့ သဲဖြူကျေးရွာအနီးတဝိုက်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။
တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်အတွက် စစ်ကော်မရှင်တပ်ဟာ လေကြောင်းကနေ နေ့တိုင်းနီးပါး လာရောက်ဗုံးကြဲတိုက်ခိုက်ပြီး စစ်ကူပေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် သိန်ခွန်းကျေးရွာနဲ့ သဲဖြူကျေးရွာမှာရှိတဲ့ စစ်ကော်မရှင်တပ်ဟာ မောတောင်မြို့ကို ပြန် လည်ထိန်းချုပ်ဖို့အတွက် နေ့တိုင်းနီးပါး စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး နှစ်ဖက်တပ်တွေ ထိခိုက်ကျဆုံးမှု ရှိနေတယ်လို့ တနင်္သာရီမြို့နယ် အခြေစိုက် တော် လှန်ရေးရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
တစ်ဖက်မှာလည်း မောတောင်မြို့သို့ သွားတဲ့လမ်းပိုင်းတွေကို တော်လှန်ရေးအင်အားစုတွေက ထိန်း ချုပ်ထားပြီး စစ်ကော်မရှင်တပ်ရဲ့ မြေပြင်စစ်ကြောင်းတိုးလို့ မပေါက်တာကြောင့် လေကြောင်းပစ်ကူပေးနေပေမယ့် ထိရောက်မှုမရှိဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ မောတောင်အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံတွေအများအပြားဟာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

