မင်းဘူးခရိုင်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အုပ်ချုပ်ရေးမှူးတွေ နှိုးဆော်နေ
မကွေး အောက်တိုဘာ ၁ မကွေးတိုင်း မင်းဘူးခရိုင်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက အသံချဲ့စက်နဲ့ နှိုးဆော်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၁ ရက်က စတင်ပြီးတော့ ရပ်/ကျေး အုပ်ချုပ်ရေးမှုးတွေထံမှာ အိမ်ထောင်စုစာရင်းတွေ ပေးအပ်ကြဖို့ နှိုးဆော်နေတာပါ။ “ဘယ်ရက်လုပ်မယ် ဆိုတာမျိုးတော့ မပြောသေးဘူး။ အုပ်ကြီးတွေဆီမှာ အိမ်ထောင်စုစာရင်း ပေးကြဖို့နဲ့ မဲမထည့်မနေရ…
