October 2, 2025

အစိုးရဌာနတွေမှာ အလုပ်ထုတ်ပယ်မှုတွေ မလွဲ ဧကန် ရှိလာမယ်လို့ အိမ်ဖြူတော် ပြော

ဝါရှင်တန်၊ အောက်တိုဘာ ၂ ရန်ပုံငွေ ထောက်ပံ့ရေး လိပ်ခဲတည်းလည်း အခြေအနေကို လွှတ်တော်ထဲရှိ ဒီမိုကရက်တို့က သမ္မတ ဒေါ်နယ်ထရန့်နဲ့ မဖြေရှင်းဘဲ အိမ်ပြန်သွားခဲ့ပြီး အစိုးရကဏ္ဍ အလုပ်နေရာတွေကို ဖြုတ်ပစ်မယ်လို့ အိမ်ဖြူတော်က ခြိမ်းခြောက်ထားချိန်မှာ အမေရိကန်အစိုးရဌာနတွေ ပိတ်သိမ်းထားရမှု လျင်မြန်စွာ အဆုံးသတ်ရေး ကြိုးပမ်းမှုတွေ အောက်တိုဘာ ၁ ရက်က ပျက်ပြယ်သွားခဲ့ပါတယ်။ အစိုးရဌာနတွေ ဆက်လက် လည်ပတ်နိုင်ရေး…

အတုအယောင် မြန်မာ ရွေးကောက်ပွဲကို နိုင်ငံတကာက ငြင်းပယ်ရမယ်လို့ နယူးဇီလန် လွှတ်တော်အမတ်တွေ ပြော

ဝယ်လင်တန်၊ အောက်တိုဘာ ၂ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ဝယ်လင်တန်အစိုးရနဲ့ ပိုကျယ်ပြန့်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကနေငြင်းပယ်ရေး နယူးဇီလန် အတိုက်အခံလွှတ်တော်အမတ်တွေရဲ့ ကိုယ်စားလှယ် တစ်ဦးက တိုက်တွန်းလိုက်ပြီး ဒီဇင်ဘာမှာ စပြီး ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ စစ်တပ်အုပ်ချုပ်မှု ဆက်လက် ရှည်ကြာစေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ စစ်ပွဲကြောင့် ဒုက္ခရောက်နေကြတဲ့ မြန်မာပြည်သူတွေကို…

ရေဖြူမှာ စစ်ကြောင်းဝင်နေလို့ ကျေးရွာ ၆ ရွာ စစ်ရှောင်နေရ

ရေဖြူ၊ အောက်တိုဘာ ၂ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရေနက်ဆိပ်ကမ်းဧရိယာထဲကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျေးရွာ ၆ ရွာက ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ်အခြေစိုက် တပ်ရင်းတွေကနေ အင်အားအများအပြားပါတဲ့ စစ်ကော်မရှင်တပ်ဟာ ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဧရိယာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။ ဒေသခံတွေရဲ့…

ရေးမှာ စစ်တပ်ကင်းအဖွဲ့ တိုက်ခိုက်ခံရပြီး လေးဦး သေဆုံး

ရေး၊ အောက်တိုဘာ ၂ မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ ကင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ အောက်တိုဘာ ၁ ရက်နေ့ မနက် ၉ နာရီအချိန်လောက်က အာယုတောင်ကျေးရွာ ဝါးကျောင်းဘုန်းကြီးကျောင်း တောင်အနီး ကင်းချထားတဲ့ စစ်ကော်မရှင်တပ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း…

သရက်ချောင်းမှာ အဘွားအိုတစ်ဦးကို စစ်တပ်က အဓမ္မပြုကျင့်တာမရှိဘူးလို့ သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတွေက အသက် ၇၅ နှစ်အရွယ် အဘွားအိုတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တာ မရှိဘူး”လို့ စစ်တပ်လော်ဘီချန်နယ်တွေမှာ သတင်းမှားဖြန့်ချိနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ဘော်ဘီတွေရဲ့…

စစ်အာဏာသိမ်း (၁၇၀၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၃၁၀) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၂ AAPP ရဲ့ အောက်တိုဘာ ၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၀၄) ရက်အတွင်း ပြည်သူ (၇၃၁၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၇၆၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၉၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ရွေးကောက်ပွဲ တားဆီးရေး မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်တွေ ဘာပြောလဲ

မော်လမြိုင် ၊ အောက်တိုဘာ ၂ မွန်ပြည်နယ်မှာ စစ်တပ်က အင်အားတိုးချဲ့ပြီး လုံခြုံရေးတိုးမြှင့်နေတဲ့အတွက် စစ်ကော်မရှင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင်ရာမှာ အခက်အခဲစိန်ခေါ်မှုတွေ ရှိနိုင်တယ်လို့ တော်လှန် ရေးအဖွဲ့တာဝန်ရှိသူတချို့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ကျိုက်ထို၊သထုံ၊ဘီးလင်းအပါအဝင် သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ လုံခြုံ‌ရေးအတွက်ဆိုပြီး စစ်တပ်က မြို့ပေါ်အပါအဝင် မြို့နဲ့ နီးစပ်တဲ့ ကျေးရွာတွေမှာ ဝင်ရောက်လှည့်ပတ်နေတာပါ။…

ရွေးကောက်ပွဲနီးလာချိန် ဝန်ထမ်းတွေကို စစ်ကော်မရှင် အပိုထောက်ပံ့ကြေးထပ်ပေး

မော်လမြိုင် ၊ အောက်တိုဘာ ၂ အာဏာသိမ်း စစ်ကော်မရှင်က သူတို့ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာချိန် Non CDM ဝန်ထမ်းတွေကို အောက်တိုဘာ ၁ ရက်နေ့ကစပြီး အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့် ပြုသွားမယ်လို့ ကြေညာပါတယ်။ ထောက်ပံ့ကြေးရသူတွေထဲမှာတော့ Non CDM ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ စစ်ကော်မရှင်တပ်က ဝန်ထမ်းတွေ၊ နေ့စားဝန်ထမ်းနဲ့ နေ့စားအလုပ်သမားတွေအပြင် အငြိမ်းစားဝန်ထမ်းတွေကိုပါ လစဉ်…

တနင်္သာရီမှာ စစ်မှုထမ်းတပ်သားလေးဦး KNU ထံ အလင်းဝင်

တနင်္သာရီ၊ အောက်တိုဘာ ၂ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၂၈၀ ခြေလျင်တပ်ရင်းက စစ်မှု ထမ်းသင်တန်းဆင်း တပ်သားလေးဦး ထွက်ပြေးလာပြီး အလင်းဝင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။ ခလရ ၂၈၀ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကော်မရှင်တပ်သားလေးဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ထွက်ပြေးလာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…

လေးကေကော်မှာ နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်နေ

လေးကေကော်၊ အောက်တိုဘာ ၂ ကရင်ပြည်နယ် လေးကေကော်မြို့သစ်မှာ စစ်ကော်မရှင်တပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အောက်တိုဘာ ၁ ရက်နေ့မှာ စစ်ကော်မရှင်တပ်က လေးကေကော်ဒေသထဲကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNLA တော်လှန်ရေးအင်အားစုတို့က သိမ်းယူထားတဲ့ မြဝတီမြို့ တောင်ဘက်ခြမ်းက လေးကေကော်မြို့သစ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကော်ရှင်တပ်က စက်တင်ဘာ…