August 26, 2025

စစ်အာဏာသိမ်း (၁၆၆၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၁၃၂) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၂၇ AAPP ရဲ့ သြဂုတ် ၂၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၆၈) ရက်အတွင်း ပြည်သူ (၇၁၃၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၅၉၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၄၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ရွေးကောက်ပွဲ မတိုင်ခင် လူငယ်ဖိုရမ်ကျင်းပဖို့ စစ်ကော်မရှင်စီစဉ်နေ

ရန်ကုန် ၊ ဩဂုတ် ၂၇ အာဏာသိမ်းမှုအတွင်း လူငယ်တွေကို ဖိနှိပ်မှုပေါင်းစုံ လုပ်ဆောင်နေတဲ့ စစ်တပ်ရဲ့ အသွင်ပြောင်း စစ်ကော်မရှင်က အထွေထွေရွေးကောက်ပွဲမတိုင်ခင်မှာ လူငယ်ဖိုရမ်တစ်ရပ်ကို လာမယ့် ရက်ပိုင်းအတွင်း ကျင်းပဖို့ စီစဉ်နေပါတယ်။ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ မျိုးဆက်သစ်လူငယ်တွေ တက်ကြွစွာပါဝင်နိုင်ရေး ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် – ၂၀၂၅ ကို ရန်ကုန်မြို့မှာ ဩဂုတ် ၃၀…

မွန်ပြည်နယ်က နိုင်ငံရေးပါတီအများစု ကိုယ်စားလှယ်လောင်း ရှာမရဖြစ်နေ

မော်လမြိုင် ၊ ဩဂုတ် ၂၇ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီအများစုဟာ ကိုယ်စားလှယ်လောင်း ရရှိရေးအတွက် အသည်းအသန် ရှာဖွေနေရတယ်လို့ ပါတီတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပသွားမယ်လို့ ကြေညာပြီးနောက် နိုင်ငံရေးပါတီအနေနဲ့ လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း…

ရေဖြူတိုက်ပွဲကြောင့် စစ်ဘေးရှောင် ၄၀၀၀ ကျော် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေ

ရေဖြူ၊ ဩဂုတ် ၂၇ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရေဖြူ-ကလိန်အောင်လမ်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွား နေတာကြောင့် စစ်ဘေးရှောင် ၄၀၀၀ ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ်က ရေဖြူ-ကလိန်အောင်လမ်းပိုင်းကို အင် အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ နေ့စဉ်နဲ့အမျှ…

ရွေးကောက်ပွဲ ပါဝင်သူတွေကို ခေါ်ယူထိန်းသိမ်းမယ်လို့ KNU တပ်မဟာ ၅ သတိပေး

ဖာပွန်၊ သြဂုတ် ၂၇ အာဏာသိမ်းစစ်ကော်မရှင်က ပြုလုပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ပံ့ပိုးပေးတဲ့သူတွေကို သင့်တော်တဲ့နေရာမှာ ခေါ်ယူထိန်းသိမ်းထားတာ၊ နယ်နှင်ဒဏ်ပေးတာတွေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ KNU မူတြော်ခရိုင် တပ်မဟာ ၅ က သဘောထားထုတ်ပြန်ကြေညာပါတယ်။ အာဏာသိမ်းစစ်ကော်မရှင်က ပြုလုပ်ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် သဘောထားရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဩဂုတ် ၂၆ ရက်နေ့မှာ KNU မူတြော်ခရိုင် တပ်မဟာ ၅ က…

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ချင်တယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ဆိုးလ်၊ သြဂုတ် ၂၆ တောင်ကိုရီးယားသမ္မတ အသစ် လီဂျေးမြောင်ကို အိမ်ဖြူတော်က လက်ခံတွေ့ဆုံချိန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ချင်ကြောင်း သြဂုတ် ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။ အခုနှစ်အတွင်း ကင်ဂျုံအန်နဲ့ တွေ့ချင်တယ်လို့ ထရန့်က သတင်းထောက်တွေကို ပြောကြားပြီး သင့်တော်တဲ့အချိန်မှာ သူနဲ့ တွေ့ဆုံဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ တောင်ကိုရီးယားနဲ့…

ဂါဇာ ကျောင်းသားတွေကို ဗြိတိန်မှာ ပညာသင်ယူခွင့်ပြု

လန်ဒန်၊ သြဂုတ် ၂၆ ဂါဇာ ကျောင်းသား ၄၀ လောက်ကို ရန်ပုံငွေ ထောက်ပံ့ထားတဲ့ တက္ကသိုလ် ပညာသင်ဆုနဲ့ လာမယ့် သီတင်းပတ်တွေအတွင်း နိုင်ငံတွင်းမှာ လာရောက် ပညာသင်ယူခွင့်ပြုရေး ဗြိတိန်အစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ မဟာဘွဲ့အတွက် တစ်နှစ်ကြာ ပညာသင်ယူရေး နိုင်ငံတကာ ကျောင်းသားတွေအတွက် အစိုးရရန်ပုံငွေ ထောက်ပံ့ထားတဲ့ အစီအစဉ်နဲ့ ပညာသင်ဆုရယူရေး ကျောင်းသား ၉…

စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ KNU တိုက်တွန်း

ဘားအံ၊ သြဂုတ် ၂၆ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို ကရင်လူမျိုးပြည်သူလူထုတွေ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ကရင်နိုင်ငံရေးအင်အားစုတွေအပါအဝင် နိုင်ငံရေးပါတီနဲ့ ပြည် သူလူထုတစ်ရပ်လုံးက ပါဝင်တာတွေမပြုကြဘဲ အကြမ်းမဖက်တဲ့နည်းလမ်းတွေနဲ့ ဆန့်ကျင်သွားဖို့ KNU ဗဟိုက တိုက်တွန်းလိုက်ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကော်မရှင်က ကြီးမှူးဦးဆောင်ကျင်းပပြုလုပ်မယ့် အထွေထွေရွေး ကောက်ပွဲအပေါ် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဩဂုတ်လ ၂၆ ရက်နေ့မှာ…

ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်ခဲ့မှုတွေမှာ KBZ နဲ့ Max ကုမ္ပဏီ ဘဏ္ဍာငွေပံ့ပိုးခဲ့တယ်လို့ JFM ထုတ်ပြန်

ရန်ကုန် ၊ ဩဂုတ် ၂၅ ရိုဟင်ဂျာလူမျိုးတွေအပေါ် မြန်မာစစ်အုပ်စုရဲ့ လူမျိုးတုန်းသတ်ဖြတ်ခဲ့မှုတွေမှာ KBZ နဲ့ Max ကုမ္ပဏီတို့ဟာ ဘဏ္ဍာငွေပံ့ပိုးခဲ့တယ်လို့ အဲဒီသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ ၈ နှစ်မြောက်နေ့ ဩဂုတ် ၂၅ ရက်နေ့မှာ Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကုမ္ပဏီနဲ့ အဖွဲ့အစည်းပေါင်းများစွာဟာ မြန်မာစစ်အုပ်စုရဲ့…

ဘုတ်ပြင်းမှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ၂၀ ထက်မနည်း သေဆုံး

‎ဘုတ်ပြင်း၊ ဩဂုတ် ၂၅ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် တောင်ယွန်းကျေးရွာအနီးမှာ စစ်တပ်ယာဉ်တန်း စောင့်ကြိုတိုက်ခိုက်ခံရတာကြောင့် စစ်တပ်ဘက်က ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မနေ့ သြဂုတ် ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ဘုတ်ပြင်းမြို့ကနေ လေညာမြို့ဘက်သို့ ဦးတည်တက်လာတဲ့ စစ်တပ်ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်…