August 8, 2025

အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတွေဆန့်ကျင်ကြဖို့ မွန်တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

မော်လမြိုင် ၊ ဩဂုတ် ၉ အာဏာသိမ်းစစ်တပ်ကနေ ဦးဆောင်ကျင်းပသွားမယ့် အတုအယောင်ရွေးကောက်ပွဲကို မွန်ပြည်သူ လူထုတွေ ပူးပေါင်းပါဝင်ခြင်း မလုပ်ဘဲ ဆန့်ကျင်ကြဖို့ ၇၈ နှစ်မြောက် မွန်တော်လှန်ရေးနေ့မှာ မွန်တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။ မွန်တော်လှန်ရေးအင်အားစုတွေဖြစ်ကြတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အပါအဝင် မွန်ပြည်သစ်ပါတီAD/ ရာမညမွန်တပ်တော် နဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့ ဩဂုတ် ၈ ရက်နေ့မှာ…

ART ဆေးထုတ်ပေးမှု စစ်ကော်မရှင် ထိန်းချုပ်မှုကြောင့် HIV ဝေဒနာရှင်တွေ အခက်ကြုံ

မော်လမြိုင် ၊ ဩဂုတ် ၉ အစိုးရမဟုတ်တဲ့ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေဖြစ်တဲ့ NGO/INGO တွေကတဆင့် ART ဆေးပေးခွင့်ကို စစ်ကော်မရှင်က ရပ်တန့်လိုက်တာကြောင့် ဝေဒနာရှင်တွေ အခက်ကြုံနေရတယ်လို့ HIV/AIDS အရေးကူညီ ဆောင်ရွက်ပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ NGO/INGO တွေကတဆင့် ART ဆေးပေးခွင့်တွေကို ဩဂုတ် ၈ ရက်နေ့ကစလို့ ရပ်တန့်လိုက်တာဖြစ်ပြီး…

စစ်အာဏာရှင်ကို အတူတကွ တိုက်ပွဲဝင်ဖို့ မိခင်ပါတီကို မွန်ပြည်သစ်ပါတီ AD တိုက်တွန်း

မော်လမြိုင် ၊ ဩဂုတ် ၉ အာဏာသိမ်းမှုအတွင်း စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေးမှုရှိနေခဲ့တဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီကို မိမိတို့နဲ့ အတူတကွ လက်တွဲတိုက်ပွဲဝင်ဖို့ မွန်ပြည်သစ်ပါတီ AD / ရာမညမွန်တပ်တော်ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်‌ကော်မတီ ဥက္ကဌ နိုင်ဇေယျက တိုက်တွန်းလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ NCA အပေါ် အခြေခံတဲ့ စစ်အာဏာရှင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ မွန်တွေရဲ့ အခွင့်အရေးကို…

မွန်ပြည်နယ်မှာ လက်သည်မပေါ်တဲ့ သတ်ဖြတ်ခံရမှု ခပ်စိပ်စိပ်ဖြစ်လာ

မော်လမြိုင်၊ ဩဂုတ် ၉ မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ အခုနောက်ပိုင်း လက်သည်မပေါ်တဲ့ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ် ဖြစ်လာပြီး ပြီးခဲ့တဲ့တစ်အတွင်း အသတ်ခံရသူ ငါးဦးအထိ ရှိလာခဲ့ပါတယ်။ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ကနေ သြဂုတ် ၆ ရက်နေ့အထိ တစ်ပတ်အတွင်း အရပ်သားပြည်သူ ငါးဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့…

နှစ်ကုန်မှာ ဟစ်ဇဘိုလာအဖွဲ့ လက်နက် ဖြုတ်သိမ်းရေးနဲ့ အစ္စရေး ဆုတ်ခွာရေး အမေရိကန် အဆိုပြု

ဘေရွတ်၊ သြဂုတ် ၈ ၂၀၂၅ ခုနှစ်အကုန်မှာ ဟစ်ဇဘိုလာအဖွဲ့ လက်နက်ဖြုတ်သိမ်းရေး၊ လက်ဘနွန်မြေပေါ်မှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ရပ်တန့်ပြီး လက်ဘနွန်တောင်ပိုင်း နေရာ ၅ ခုကနေ အစ္စရေးတပ်တွေ အသုတ်လိုက် ဆုတ်ခွာရေး အမေရိကန်က အဆိုပြုထားတယ်လို့ လက်ဘနွန် အစိုးရ အဖွဲ့ဝန်ကြီးများရဲ့ ပြန်လည် သုံးသပ်မှုအရ သိရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ဒေသဆိုင်ရာကိုယ်စားလှယ်…

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးဖို့ အမေရိကန်က ဒေါ်လာ သန်း ၅၀ ဆုတော်ငွေ ထုတ်

ဝါရှင်တန်၊ သြဂုတ် ၈ ဗင်နီဇွဲလားသမ္မတ နီကိုလာ့စ် မာဒူရိုဟာ မူးယစ်ဆေးဝါး အများဆုံး ရောင်းဝယ်သူတွေထဲက တစ်ယောက် ဖြစ်တယ်လို့ အမေရိကန်က စွပ်စွဲပြီး သူ့ကို ဖမ်းဆီးနိုင်မယ့် သတင်းအချက်အလက် ပေးနိုင်သူကို ကန်ဒေါ်လာ သန်း ၅၀ ဆုချမယ်လို့ ကြေညာလိုက်ပါတယ်။ လိမ်လည်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့တဲ့ ရွေးကောက်ပွဲအပြီး ဇန်နဝါရီလမှာ အာဏာ ပြန်ရခဲ့တဲ့ သမ္မတ…

ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ မိုင်းပေါက်လို့ ကုန်တင်ကားမောင်းသူ ဒဏ်ရာရ

သထုံ၊ ဩဂုတ် ၈ မွန်ပြည်နယ် သထုံမြို့နယ် ပုတိမ်ရိုးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ မိုင်းပေါက်ကွဲမှုကြောင့် ကုန်တင်ကားမောင်းသူ တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ သြဂုတ် ၈ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ ပေါင်မြို့နယ်ကနေ သထုံမြို့နယ်ထဲ မောင်းနှင်းလာတဲ့ ကုန်တင်ကား တစ်စီးဟာ ပုတိမ်းရိုးစာသင်ကျောင်းအလွန်မှာ မိုင်းပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။ “မိုင်းက…

စစ်အာဏာရှင်နဲ့ မဟာလူမျိုးကြီးဝါဒီကို လက်နက်နဲ့သာ တိုက်ယူရမယ်လို့ ရာမညမွန်တပ်တော် ပြော

မော်လမြိုင် ၊ ဩဂုတ် ၈ လက်နက်အားကိုးနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်နဲ့ မဟာလူမျိုးကြီးဝါဒီတွေကို လက်နက်နဲ့သာ တိုက်ယူရမယ်လို့ မွန်ပြည်သစ်ပါတီ AD/ရာမညမွန်တပ်တော်က ဩဂုတ် ၈ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် မွန်တော်လှန်ရေးနေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီသဘောတရားကို ဆုပ်ကိုင်ပြီး ပြည်တွင်းပြည်ပရှိ မွန်အမျိုးသားတစ်ရပ်လုံးနဲ့ မွန်ပြည်နယ်သူ ပြည်နယ်သားအားလုံး တော်လှန်ရေးစိတ်ဓာတ်နဲ့ ကျရာအခန်းကဏ္ဍမှာ စုပေါင်းလက်တွဲ…

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ မြန်မာသတင်းမီဒီယာကောင်စီကို IPCM ကန့်ကွက်စာ ထုတ်

မော်လမြိုင် ဩဂုတ် ၈ လာမယ့် ဒီဇင်ဘာမှာ ကျင်းပဖို့ရှိနေတဲ့ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲနဲ့ လက်ဝေခံ တရားမဝင် မြန်မာသတင်းမီဒီယာကောင်စီ MPC နဲ့ပတ်သက်လို့ ကန့်ကွက်ကြောင်း ဩဂုတ် ၈ ရက်နေ့ ရက်စွဲနဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM က သတင်းထုတ်ပြန်ပါတယ်။ အာဏာသိမ်း မြန်မာစစ်အုပ်စုဟာ အုပ်ချုပ်ရေးပုံစံအသစ်ကို ထပ်မံဖွဲ့စည်းပြီး ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်တာဟာ…

စစ်အာဏာသိမ်း (၁၆၄၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၀၄၃) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၈ AAPP ရဲ့ သြဂုတ် ၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၄၉) ရက်အတွင်း ပြည်သူ (၇၀၄၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၅၁၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၃၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…