မကွေးမြို့ပေါ်မှာ စလင်းနဲ့ပွင့်ဖြူဘက်က လာရောက်နေထိုင်သူတွေအပေါ် ဧည့်စာရင်း တင်းကြပ်ထား
မကွေး ဇူလိုင် ၂၁ မကွေးမြို့ပေါ်မှာ စလင်းနဲ့ ပွင့်ဖြူဘက်ကနေ လာရောက်နေထိုင်သူတွေကို ဧည့်စာရင်း တိုင်ကြားမှု တင်းကြပ်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ စလင်းနဲ့ ပွင့်ဖြူမြို့နယ်ကနေ မကွေးမြို့ပေါ်ဆီ လာရောက်နေထိုင်မယ်ဆိုရင် အုပ်ချုပ်ရေးမှူးနဲ့တင် မပြီးဘဲ ရဲစခန်းအထိ ဖုန်းဆက်အကြောင်းကြားရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ရဲတွေက လာစစ်တာ ဧည်စာရင်း တစ်လပေးရင် အုပ်ကြီးကို ဆူငေါက်သွားလို့တဲ့။ အခုဆို တစ်ပတ်ပဲပေးရတယ်။…
