June 2025

အစိုးရအဖွဲ့ အပြောင်းအလဲ ထိုင်းဝန်ကြီးချုပ် ရှေ့ဆက် ဆောင်ရွက်မယ်

ဘန်ကောက်၊ ဇွန် ၂၄ ကမ္ဘောဒီးယား နယ်စပ်ပြဿနာကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းအစိုးရက ဝန်ကြီးများအဖွဲ့ အပြောင်းအလဲ ပြုလုပ်ရေး ရှေ့ဆက် ဆောင်ရွက်သွားမယ်လို့ ဇွန် ၂၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ နှစ်နိုင်ငံကြား တင်းမာမှု ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပြီး အိမ်နီးချင်း နှစ်နိုင်ငံဟာ ပါးကိုက်ရင် နားပြန်ကိုက်မယ်ဆိုတဲ့ အစီအစဉ်တွေ အပြန်အလှန်…

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရာထူးမှာ ပထမဆုံးအကြိမ်အဖြစ် အရပ်သား တစ်ဦးကို ခန့်အပ်

ဆိုးလ်၊ ဇွန် ၂၄ စစ်တပ်ကို ကြပ်မတ်မှု အားကောင်းအောင် လုပ်ဆောင်ရေး တောင်းဆိုမှုတွေ ပိုများလာပြီးနောက် တောင်ကိုရီးယားအစိုးရက နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကာကွယ်ရေးဝန်ကြီး ရာထူးမှာ အရပ်သား တစ်ဦးကို ဇွန် ၂၄ ရက်မှာ ခန့်အပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း သမ္မတဟောင်း ယောင်ဆွတ်ယိုလ်က စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာဖို့ ကြိုးပမ်းမှု မအောင်မြင်ဖြစ်ပြီး…

ကျောက်ကြီးမှာ လက်နက်ကြီးကျလို့ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရ

ကျောက်ကြီး ၊ ဇွန် ၂၄ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့က ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၆၄ ခြေလျင်တပ်ရင်းကနေ သမင်အင်းကုန်းကျေးရွာနဲ့ ဖျံတလင်းကျေးရွာထဲကို ၁၂၀…

ကန်ဒေါင့်ရဲစခန်းတိုက်ပွဲမှာ စစ်မှုထမ်းကလေးစစ်သားတစ်ဦး ဖမ်းမိ

ပုလဲ၊ ဇွန် ၂၄ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန်ဒေါင့်နယ်မြေရဲစခန်းသိမ်း တိုက်ပွဲအတွင်း အသက် ၁၅ နှစ်ရွယ် စစ်မှုထမ်း ကလေးစစ်သား တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ထုတ်ပြန်ပါတယ်။ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်က အခိုင်အမာတပ်စွဲထားတဲ့ ကန်ဒေါင့်နယ်မြေရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ပြီးခဲ့တဲ့…

ထားဝယ်စီးပွားရေးဇုန်မှာ မဂ္ဂါဝပ် ၆၆၀ ထုတ်နိုင်မယ့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံဆောက်ဖို့ ရုရှားနဲ့စစ်ကောင်စီ သဘောတူ

မော်လမြိုင် ဇွန် ၂၄ တနင်္သာရီတိုင်း ထားဝယ်စီးပွားရေးဇုန်မှာ ၆၆၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မယ့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ဖို့ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်မှာ ရုရှားနဲ့ စစ်ကောင်စီတို့ကြား သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး ရုရှားကုမ္ပဏီတွေကို ဆွဲဆောင်နိုင်ဖို့ မြန်မာဘက်က အဆင်သင့်ဖြစ်နေတာကို ဂရုပြုမိတဲ့အကြောင်း ရုရှား စီးပွားရေးဝန်ကြီး…

စစ်အာဏာသိမ်း (၁၆၀၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၈၁၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၂၄ AAPP ရဲ့ ဇွန်၂၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၀၄) ရက်အတွင်း ပြည်သူ (၆၈၁၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၃၁၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၅၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မီးမပေးနိုင်လို့ အလုပ်ရုံစက်ရုံတွေမှာ ဆိုလာသုံးဖို့ စစ်ခေါင်းဆောင်ပြောပြန်

ရန်ကုန် ၊ ဇွန် ၂၄ နိုင်ငံအတွင်းမှာ လျှပ်စစ်မီး ပုံမှန်မပေးနိုင်သေးတာကြောင့် နေရောင်ခြည် စွမ်းအင်သုံးဆိုလာတွေကို ကိုယ်ပိုင်တစ်ပိုင်တစ်နိုင်ကနေ အလုပ်ရုံနဲ့စက်ရုံတွေ လည်ပတ်နိုင်တဲ့အထိ အသုံးပြုကြဖို့ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံ၊ အလုပ်ရုံတွေရဲ့ ကုန်ထုတ်လုပ်မှု အခြေ အနေကို သွားရောက်ကြည့်ရှုစဉ် သူ့လက်အောက်ခံ…

AIRBUS ကုမ္ပဏီ တရုတ်နဲ့ လက်တွဲဖြုတ်မှုကြောင့် မြန်မာစစ်အုပ်စုကို ထိခိုက်နိုင်

နေပြည်တော် ၊ ဇွန် ၂၄ ဥရောပရဲ့ အကြီးဆုံးလေကြောင်း ကုမ္ပဏီ AIRBUS က တရုတ်အစိုးရ စစ်တပ်ပိုင် လေယာဉ်ထုတ် လုပ်ရေးနဲ့ စစ်ရေးနည်းပညာ ကုမ္ပဏီ AviChina နဲ့ လက်တွဲဖြုတ်မှုဟာ မြန်မာစစ်အုပ်စုကို ထိခိုက်နိုင်တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ Blood Money Campaign က အ သိပေးပါတယ်။ စစ်အုပ်စုကို လေယာဉ်၊…

ရေဖြူမှာ စစ်ကြောင်းပတ်ထိုးနေလို့ ဒေသခံ ၃၀၀၀ ကျော် နေရပ်မပြန်ရဲသေး

ရေဖြူ၊ ဇွန် ၂၄ တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ် စစ်ကြောင်းပတ်ထိုးနေတာကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံ ၃၀၀၀ ကျော် နေရပ်မပြန်ရဲသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၁၅၀ နီးပါး ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၁၈ ရက်နေ့ကစလို့ ထားဝယ်ရေနက်ဆိပ်ကမ်းဒေသကနေ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေကို ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။…

မော်လမြိုင်သံလွင်ဥယျာဉ်ဝင်းအတွင်းရှိ မြေနေရာကို စစ်ကောင်စီက လုပ်ငန်းရှင်တစ်ဦးအား လုပ်ကိုင်ခွင့်ပေး

မော်လမြိုင်၊ ဇွန် ၂၄ မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်ဥယျာဉ်ဝင်းအတွင်းရှိ Ocean Super Center ဘေးက မြေနေရာကို စစ်ကောင်စီက လုပ်ငန်းရှင်တစ်ဦးထံ လုပ်ကိုင်ခွင့်ပေးထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ မြေဧက ၂ ဧကကျော်ရှိတဲ့ အဲဒီမြေနေရာမှာ ခေတ်မှီကစားကွင်း တည်ဆောက်ဖို့အတွက် စစ်ကောင်စီက လုပ်ကိုင်ခွင့်ပေးထားတယ်လို့ စုံစမ်းသိရှိရပါတယ်။ အဲဒီမြေနေရာမှာ ခေတ်မှီအားကစားခွင့် တည်ဆောက်ဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်…