နယ်စပ်တည်ငြိမ်ရေး တရုတ်သံအမတ်က စစ်ကောင်စီနဲ့ လာရောက်ဆွေးနွေး
နေပြည်တော် ၊ ဇွန် ၈ ရှမ်းမြောက်ရှိ သိန္နီမြို့ကို ပြန်အပ်ဖို့ သတင်းတွေထွက်ပေါ်နေသလို စစ်ကောင်စီတပ်ကလည်း နောင်ချိုမြို့အနီးကို ရောက်ရှိလာချိန်မှာ တရုတ်သံအမတ်ကြီးက စစ်ကောင်စီကာကွယ်ရေးဝန်ကြီးနဲ့ နေပြည်တော်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။ စစ်ကောင်စီသတင်းထုတ်ပြန်ချက်အရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားက ဇွန် ၆ ရက်နေ့မှာ တွေ့ဆုံခဲ့တာပါ။ တွေ့ဆုံမှုအတွင်း…