ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံး
ပဲခူး၊ ဇွန် ၂၆ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်နဲ့ ဖြူးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်းသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။ မနေ့ ဇွန် ၂၅ ရက်နေ့ မနက်အစောပိုင်းကစလို့ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်တွေ အခြေချတပ်စွဲထားတဲ့ စခန်း ၉ ခုကို…
