စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးမှာ စစ်သုံ့ပန်း ၂၂ ဦး ဖမ်းဆီးရမိ
ကျောက်ကြီး၊ ဇွန် ၂၇ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးအဖြစ် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၂ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ပါတယ်။ ကျောက်ကြီးမြို့အတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အမှတ် ၂ စစ်ဒေသခွဲ (JOC) ရဲ့ ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF…
