ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဘယ်လို အခက်အခဲတွေ ကြုံနေရလဲ။
“လက်ရှိ ထိုင်းနိုင်ငံမှာရှိတဲ့ ရွေ့ပြောင်းအလုပ်သမားတွေကတော့ ဘယ်တုန်းကမှမကြုံဖူးတဲ့ အခက်အခဲတွေ ကြုံတွေ့နေရတာလို့ ပြောရင် မမှားဘူးခင်ဗျ” – ဦးအောင်ကျော် (LRF ပြောခွင့်ရ) ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်ပြဿနာပြင်းထန်မှုကစလို့ ထိုင်းနိုင်ငံရေး ရှုပ်ထွေးမှုတွေက လက်ရှိအနေအထားမှာ ပိုဆိုးလာနေပါတယ်။ အဲဒီရိုက်ခတ်မှုဒဏ်ကို ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ရင်ဆိုင်ခံစားနေရပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် Work Permit နဲ့ ဗီဇာသက်တမ်းတိုးကိစ္စတွေကလည်း အစိုးရမူဝါဒ အပြောင်းအလဲတွေကြောင့်…
