မွန်ပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးနယ်မြေတွေမှာ ငှက်ဖျားရောဂါ အဖြစ်များနေ
မော်လမြိုင် ဇွန် ၂၁ မွန်ပြည်နယ်အတွင်းက တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထားတဲ့ နယ်မြေတွေမှာ လက်ရှိ မိုးရာသီကာလအတွင်း ဖြစ်ပေါ် တတ်တဲ့ ငှက်ဖျားရောဂါ အဖြစ်များနေတယ်လို့ နယ်မြေတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ငှက်ဖျားရောဂါဟာ တောတောင်ရေမြေ အနေအထားကြောင့် တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ ဒေသတွေမှာ တစ်နှစ်ပတ်လုံး ဖြစ်ပွားတတ်ပေမယ့် လက်ရှိမိုးတွင်းကာလမှာ သိသိသာသာ အဖြစ်များလာနေတာပါ။ အခုလို ငှက်ဖျားရောဂါ အဖြစ်များလာတာကြောင့်…
