ဘန်ကောက် မတ် ၄

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာ မိုဒီတို့ဟာ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ BIMSTEC ထိပ်သီးအစည်းအဝေး ပြင်ပမှာ တွေ့ဆုံခဲ့ကြပါတယ်။

မတ် ၄ ရက် သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုမှာတော့ အိန္ဒိယဝန်ကြီးချုပ်က ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုတွေ အသက်ရှုံးဆုံးရမှုတွေအတွက် ဝမ်းနည်းကြောင်း ထပ်မံ ပြောကြားခဲ့တယ်လို့ X လူမှုမီဒီယာမှာ ရေးပါတယ်။ ဒီလိုမျိုး အရေးကြီးတဲ့အချိန်မှာ မြန်မာနိုင်ငံက ညီအစ်ကိုမောင်နှမတွေကို ကူညီပေးဖို့ ဖြစ်နိုင်တာတွေအားလုံးကို အိန္ဒိယက လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ခေါင်းဆောင်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ရဲ့ တွေ့ဆုံမှုမှာတော့ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ကြားက နှစ်နိုင်ငံ ဆက်ဆံရေး အထူးသဖြင့် ဆက်သွယ်ရေး၊ စွမ်းရည်မြှင့်တင်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးတို့လို ကဏ္ဍတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.