March 2025

အကျဉ်းသားတွေကို လက်နက်တပ်ဆင်ပြီး စစ်ကောင်စီခုခံခိုင်းနေ

ဗန်းမော်၊ မတ် ၁၅ နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေက အကျဉ်းထောင်တွင်းရှိ အကျဉ်းသားတွေကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးပြီး ခုခံကာကွယ်ရေးကိစ္စရပ်တွေကို အတင်းအဓမ္မ အမိန့်ပေးခိုင်းစေနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ထံက သိရပါတယ်။ အထူးသဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာအတွင်းရှိ အကျဉ်းထောင်တွေမှာ စစ်ကောင်စီလက်အောက် ခံ စစ်တပ်တွေက အကျဉ်းခံနေရတဲ့ ရာဇဝတ်အကျဉ်းသားတွေကို ထောင်တွင်းခံစစ်အတွက် လက် နက်တပ်ဆင်ပေးပြီး…

ကျိုက်ထိုမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ PDF ရဲဘော်နှစ်ဦးနဲ့ အရပ်သားလေးဦး ဒဏ်ရာရ

ကျိုက်ထို၊ မတ် ၁၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကျေးရွာသုံးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် PDF ရဲဘော်နှစ်ဦးနဲ့ အရပ်သားပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့က ကျိုက်ထိုမြို့နယ် မုက္ခမော့ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဒရုန်းတိုက်ခိုက်ရာ ဂိတ်နဲ့ ပေ…

မန်းရွှေစက်တော်ဘုရားပွဲတော် စည်ကားနေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်

မကွေး မတ် ၁၄ မကွေးတိုင်း မင်းဘူး မန်းရွှေစက်တော်ဘုရားပွဲတော် စည်ကားနေတယ်လို့ ဝါဒဖြန့်ဖို့ စစ်ကောင်စီ လက်အောက်ခံတွေကို အသုံးပြုထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မတ် ၁၃ ရက်မှာ ကျရောက်တဲ့ တပေါင်းလပြည့်​​​နေ့အတွက် စစ်ကောင်စီရဲ့ ဝန်ထမ်းတွေနဲ့ KTV က အမျိုးသမီးတွေကို ရွှေစက်တော်ဘုရားဖူးခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “သူတို့ဗွီဒီယို တင်ထားတာ တွေ့လိုက်တယ်။ ဝန်ထမ်းတွေကိုတော့…

အီးယူထုတ် ယမကာတွေကို အခွန် ၂၀၀ ရာခိုင်နှုန်း ကောက်မယ်လို့ ထရန့် ခြိမ်းခြောက်

ဝါရှင်တန်၊ မတ် ၁၄ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်လာမှုရဲ့ နောက်ဆုံး အရှုပ်အထွေး အဖြစ် ဥရောပသမဂ္ဂ အီးယူကနေ အမေရိကန်သို့ တင်ပို့တဲ့ ယမကာအားလုံးအပေါ် အခွန် ၂၀၀ ရာခိုင်နှုန်းကောက်ခံ သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်လိုက်ပါတယ်။ အမေရိကန်သို့ တင်ပို့တဲ့ သံမဏိနဲ့ ဒန်သတ္တု အားလုံးအပေါ် သမ္မတ ထရန့်ရဲ့ အခွန် တိုးကောက်မှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့…

ကုလ တံခါးပိတ် ဆွေးနွေးမှုကြောင့် ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ သံအမတ်တွေကို အီရန် ဆင့်ခေါ်

တီဟီရန်၊ မတ် ၁၄ တီဟီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ တံခါးပိတ် အစည်းအဝေး ကျင်းပရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တလွဲ အသုံးချတယ်ဆိုပြီး ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ သံအမတ်တွေကို အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၃ ရက်မှာ ဆင့်ခေါ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြပါတယ်။ တီဟီရန်က ယူရေနီယံသန့်စင်မှုကို လက်နက် ထုတ်လုပ်နိုင်တဲ့…

မန္တလေးတိုင်းမှာ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၃၀ နီးပါးသေဆုံး

တောင်သာ၊ မတ် ၁၄ မန္တလေးတိုင်းမှာ နှစ်လကျော်ကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၇ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မတ် ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ မတ် ၁၃ ရက်နေ့အထိ မန္တလေးတိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီတပ်ကြောင့်…

မြန်မာ့လူဦးရေ သုံးပုံတစ်ပုံဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရ

မော်လမြိုင်၊ မတ် ၁၄ မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး လူပေါင်း ၁၉ ဒသမ ၉ သန်းကျော်ဟာလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက မတ် ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဟာ နယ်မြေတွေ ဆုံးရှုံးလာတာနဲ့အမျှ လက်တုံ့ပြန်တဲ့အနေနဲ့ အကူအညီတွေ ပိတ်ဆို့တာ၊ လူသားချင်းစာနာမှု လမ်းကြောင်းတွေ ကန့်သတ်တာနဲ့…

ပူတူလူစခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်သားတွေ ထိုင်းဘက် ထွက်ပြေး

မဲဆောက် မတ် ၁၄ ထိုင်းနိုင်ငံ တက်ခ်ခရိုင်နဲ့ နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ မြန်မာဘက်အခြမ်း လှိုင်းဘွဲမြို့နယ်က စစ်ကောင်စီရဲ့ ပူတူလူစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းအဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ Maesot Media က ဖော်ပြပါတယ်။ အဲဒီလို စခန်းသိမ်းတိုက်ပွဲမှာ ဒရုန်း၊ အမြှောက်၊ စက်သေနတ်၊ စနိုက်ပါ သေနတ်တို့ဖြင့် တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး စစ်ကောင်စီဘက်က…

စစ်အာဏာသိမ်း (၁၅၀၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၄၀၁) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၁၄ AAPP ရဲ့ မတ် ၁၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၀၂) ရက်အတွင်း ပြည်သူ (၆၄၀၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၈၃၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၈၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

တစ်နိုင်ငံလုံး စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ဆောင်မယ်လို့ စစ်ခေါင်းဆောင်ကြွေးကြော်

နေပြည်တော် ၊ မတ် ၁၄ အာဏာသိမ်းမှုကြောင့် အဘက်ဘက်ကကျဆင်းနေတဲ့ လယ်ယာကဏ္ဍကို တစ်နိုင်ငံလုံးအတိုင်းအ တာအရ စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ကြွေး ကြော်လိုက်ပါတယ်။ မတ် ၁၂ ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စု ပင်လောင်းလမ်းစုံအနီးရှိ စက်မှုလယ်ယာ စနစ်ကျလယ်မြေဖော်ထုတ်ခြင်း စီမံကိန်းအားသွားရောက်ကြည့်ရှုစဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင်က…