March 2025

ကျိုက်ထိုမြို့နယ်မှာ ဒရုန်းနဲ့တိုက်ခိုက်မှု စစ်ကောင်စီပိုမိုပြုလုပ်လာ

ကျိုက်ထို၊ မတ် ၁၆ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က ဒရုန်းနဲ့တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မတ်လဆန်းကစပြီး ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို နေ့စဉ်နဲ့အမျှ ဒရုန်းနဲ့ ကင်းထောက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်မှတ်တွေအပြင် အရပ်သားပစ်မှတ်တွေကိုပါ ပိုမိုတိုက်ခိုက်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၂…

ပူးလူးတူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး

ပူးလူးတူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး ပိုင်ကျုံ၊ မတ် ၁၆ ထိုင်း-မြန်မာနယ်စပ်အနီးက စစ်ကောင်စီရဲ့ ပူးလူးတူခြေကုပ်စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင် စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး ၁၁ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ကရင်အမျိုးသားအ စည်းအရုံး KNU ဗဟိုက မတ် ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်…

ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်စေမယ်လို့ ပြောခဲ့တာက ရွဲ့ပြောတာလို့ ထရန့် ပြော

ဝါရှင်တန်၊ မတ် ၁၅ သမ္မတ ဖြစ်မလာခင်ကတည်းက ယူကရိန်း-ရုရှား စစ်ပွဲကို ၂၄ နာရီ အတွင်း အဆုံးသတ်ပစ်မယ်လို့ အကြိမ်ကြိမ် ပြောဆိုခဲ့ချိန်က နည်းနည်းလေး ရွဲ့ပြီးပြောဆိုခဲ့တာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က မတ် ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒုတိယ သမ္မတသက်တမ်း ၅၄ ရက်ကြာလာတဲ့ အချိန်အထိ ထရန့်ဟာ ရုရှားနဲ့…

ဝီဂါလူမျိုးတွေကို တရုတ်ဆီ ပြန်ပို့ခဲ့တဲ့ ထိုင်းအရာရှိတွေ အမေရိကန် ဗီဇာတားမြစ်ခံရ

ဘန်ကောက်၊ မတ် ၁၅ ပြီးခဲ့တဲ့လက ဝီဂါလူမျိုး ၄၀ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်မှုမှာ ပါဝင်ခဲ့တဲ့ အရင်နဲ့လက်ရှိ ထိုင်းအရာရှိတွေအပေါ် အမေရိကန်က ပြည်ဝင်ခွင့် ဗီဇာ တားမြစ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက မတ် ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဝီဂါလူမျိုးတွေနဲ့ တခြား လူမျိုးစုတွေကို တရုတ်ဆီ အတင်းအကြပ်…

မြန်မာနိုင်ငံက လူတစ်သန်းကျော်အတွက် WFP ရဲ့ စားနပ်ရိက္ခာထောက်ပံ့မှုရပ်ဆိုင်း

မော်လမြိုင်၊ မတ် ၁၅ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရေးပေါ်အကူအညီ လိုအပ်မှု မြင့်တက်နေချိန် လူဦးရေတစ်သန်းကျော်အတွက် စားနပ်ရိက္ခာထောက်ပံ့မှုကို လာမယ့်ဧပြီလကစပြီး ရပ်ဆိုင်းသွားမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က မတ် ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ရန်ပုံငွေပြတ်တောက်မှုကြောင့် အကူအညီတွေ ရပ်တန့်ရတာဖြစ်ပြီး ရန်ပုံငွေအသစ် မရရှိတော့ရင် ငါးနှစ်အောက် ကလေးငယ်တွေ ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်းစွမ်းသူတွေအပါအဝင် ထိခိုက်လွယ်အုပ်စုတွေက…

စစ်ကောင်စီတပ်ဖွဲ့ဝင်ခြောက်ဦး ရေးဘီလူးအဖွဲ့ထံ အလင်းဝင်

ရေး၊ မတ် ၁၅ မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က တပ်ဖွဲ့ဝင်ခြောက်ဦး အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လက်အောက် ခံ တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးဟာ ရေးဘီလူးအဖွဲ့နဲ့ ချိတ်ဆက်ပြီး မတ် ၁၄ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာ အလင်းဝင်လာတာဖြစ်ပြီး…

စဉ့်ကူးမြို့နယ် လက်ပံလှရွာ ဗုံးကြဲခံရလို့ အရပ်သား ၂၇ ဦး သေဆုံး

စဉ့်ကူး၊ မတ် ၁၅ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ကြောင့် ကလေးငယ်ခြောက်ဦးအပါအဝင် အရပ်သားပြည်သူ၂၇ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး)MDY-PDF က သတင်းထုတ်ပြန်ပါတယ်။ မနေ့ မတ် ၁၃ ရက်နေ့ နေ့လယ် ၃ နာရီအချိန်ခန့်မှာ စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာရှိ လူစည်ကားရာ ဈေးဆိုင်တန်းတွေကို စစ်ကောင်စီက အကြောင်းမဲ့လေကြောင်းကနေ…

စစ်အာဏာသိမ်း (၁၅၀၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၄၀၁) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၁၅ AAPP ရဲ့ မတ် ၁၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၀၃) ရက်အတွင်း ပြည်သူ (၆၄၀၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၈၄၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၈၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

အထွေထွေထိုးစစ်ကြီး ဆင်နွှဲမယ်လို့ NUG ပြော

မော်လမြိုင် ၊ မတ် ၁၅ စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပေးမယ့် အထွေထွေထိုးစစ်ကြီးတစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ဆင်နွှဲကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို ဦးဆောင်ကွပ်ကဲမယ့် တပ်မှူးသင်တန်း အပတ်စဉ် (၁/၂၀၂၄) ဆင်းပွဲသို့ ပေးပို့တဲ့ မတ် ၈ ရက်နေ့ ရက်စွဲပါ သဝဏ်လွှာမှာ…

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်း ၃၀ ရာခိုင်နှုန်းနီးပါး ထပ်တက်လာနိုင်တယ်လို့ ကုလသတိပေး

မော်လမြိုင် ၊ မတ် ၁၅ မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွင်း ဆန်၊ ဆီ၊ ဆားနဲ့ပဲအပါအဝင် အဓိက အားထားစားရတဲ့ ရိက္ခာဈေးနှုန်း ၃၀ ရာခိုင်နှုန်း နီးပါး ထပ်မံမြင့်တက်လာနိုင်တယ်လို့ ကုလသမဂ္ဂ ပညာရှင်အဖွဲ့က မတ်လ ၁၃ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။ အဓိကအားထားရတဲ့ စားနပ်ရိက္ခာဈေးနှုန်းတွေ တက်လာနိုင်တာဟာ စစ်ကောင်စီရဲ့ တားမြစ်ပိတ် ဆို့မှုတွေအပြင် ပြင်းထန်လာတဲ့…