February 2025

BGF ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအစိုးရကို JFM တိုက်တွန်း

မြဝတီ ၊ ဖေဖော်ဝါရီ ၂၇ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ခေါင်းဆောင်သုံးဦးအား ထိုင်းအစိုးရအနေနဲ့ ဖမ်းဝရမ်းထုတ်နိုင်ရေး လုပ်ငန်းစဉ်ကို အမြန်လုပ်ဆောင်ဖို့ Justice For Myanmar က ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ချက်ကနေ တိုက်တွန်းလိုက်ပါတယ်။ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုဗိုလ်မှူးကြီး စောမုတ်သုန်နဲ့ ဗိုလ်မှူး စောတင်ဝင်းတို့ကို လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်နိုင်ဖို့…

လျှပ်စစ်မီးနဲ့လောင်စာဆီ ဖြတ်တောက်ထားပေမယ့် ရွှေကုက္ကိုလ်မြို့မှာလုပ်ငန်းတွေ ဆက်လက်လည်ပတ်နေ

လျှပ်စစ်မီးနဲ့လောင်စာဆီ ဖြတ်တောက်ထားပေမယ့် ရွှေကုက္ကိုလ်မြို့မှာလုပ်ငန်းတွေ ဆက်လက်လည်ပတ်နေ ရွှေကုက္ကိုလ်၊ ဖေဖော်ဝါရီ ၂၇ ထိုင်းနိုင်ငံက မြန်မာနိုင်ငံဘက် မြဝတီ၊ ရွှေကုက္ကိုလ်မြို့ဘက်ကို လျှပ်စစ်မီးနဲ့ စက်သုံးဆီဖြတ်တောက်ထားပေမယ့် ကျားဖြန့်လုပ်ငန်းရှိရာ ရွှေကုက္ကိုလ်မြို့မှာ ဘားအံကနေ ဝယ်ယူလာတဲ့စက်သုံးဆီတွေကိုအသုံးပြုပြီး လုပ်ငန်းတွေ ဆက်လက်လည်ပတ် လုပ်ကိုင်လျက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုနဲ့ ရာဇဝတ်မှုလုပ်ငန်းတွေကို ဦးတည်ပစ်မှတ်ထားပြီး ထိုင်းအစိုးရက မြန်မာနိုင်ငံ မြဝတီရွှေကုက္ကိုလ်မြို့ဘက်ကို ဖြန့်ဝေရောင်းချပေးလျက်ရှိတဲ့…

ဘီးလင်း သံတံတားဂိတ်မှာ လူငယ် ၁၅ ဦး ဖမ်းဆီးခံရ

ဘီးလင်း၊ ဖေဖော်ဝါရီ ၂၆ မွန်ပြည်နယ် ဘီးလင်းမြို့နယ် သပြေနီကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ စစ်ကောင်စီရဲ့ သံတံတားစစ်ဆေးရေးဂိတ်မှာ ခရီးသွားလူငယ် ၁၅ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ သထုံမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲ မောင်းနှင်လာတဲ့ ခရီးသွားကား တစ်စီးကို သံတံတားစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တားဆီးပြီး…

ပွင့်ဖြူက သျှောင်ပေစူးရွာကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုပြုလုပ်

မကွေး ဖေဖော်ဝါရီ ၂၆ မကွေးတိုင်း ပွင့်ဖြူမြို့နယ်က သျှောင်ပေစူးကျေးရွာလို့ လူသိများတဲ့ ရေပုတ်ကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက် မနက် ၉ နာရီဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ “ပထမလေယာဉ်နဲ့ဝဲတယ်။ နောက်တော့ ရွာ ပတ်ချာလည်ရယ်၊…

ကျားဖြန့် လုပ်ငန်းတွေကို အပြီးပြတ်နှိမ်နင်းမယ်လို့ ထိုင်းဝန်ကြီးချုပ် ကြွေးကြော်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၆ ထိုင်းနိုင်ငံသားတွေကို သားကောင်ဖမ်းသလို လိမ်လည်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေ လုံးဝ ရှင်းလင်းသွားတဲ့အထိ နှိမ်နင်းသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒီပြဿနာကြီး ရှိနေသ၍ ကြိုးပမ်းမှုတွေကို ရပ်တန့်သွားမှာ မဟုတ်ကြောင်း အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ ဝန်ကြီးချုပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့…

ဒေါ်လာ ၅ သန်းတန် အမေရိကန် ရွှေရောင်ဗီဇာကတ် ထရန့် ထုတ်ရောင်းမယ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၆ တစ်ကတ်စီကို ဒေါ်လာ ၅ သန်း တန်ဖိုးရှိတဲ့ ရွှေရောင်နေထိုင်ခွင့် ပါမစ် ကတ်အသစ်တွေ ထုတ်ရောင်မယ့် အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၂၅ ရက်မှာ မိတ်ဆက်လိုက်ပြီး သြဇာကြီးမားတဲ့ ရုရှားလုပ်ငန်းရှင် သူဌေးကြီးတွေလည်း လျှောက်ထားကောင်း လျှောက်ထားနိုင်တယ်လို့ ပြောပါတယ်။ လက်ရှိ ရှိနေတဲ့ Green Card အစိမ်းရောင်ကတ်ရဲ့…

ပေါင်မြို့နယ်မှာ အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ်ခံရ၊ အုပ်ချုပ်ရေးမှူး သေဆုံး

ပေါင်၊ ဖေဖော်ဝါရီ ၂၆ မွန်ပြည်နယ် ပေါင်မြို့နယ် ညောင်ကုန်းကြီးကျေးရွာမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်က အုပ်ချုပ်ရေးမှူး လင်မယား သေနတ်နဲ့ ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး ဖြစ်သူ သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ညောင်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနဲ့ ဇနီးဖြစ်သူ ဒေါ်မိငယ်တို့ နေအိမ်ရှေ့မှာ ထိုင်နေစဉ် လူ…

ကျားဖြန့် ရာဇဝတ်မှုနဲ့ ကျော်ကြားနေတဲ့ BGF တပ်ဖွဲ့က အမှတ်စဉ် ၁၅ စစ်သင်တန်းဖွင့်လှစ်

ရွှေကုက္ကိုလ်၊ ဖေဖော်ဝါရီ ၂၆ ကျားဖြန့် ရာဇဝတ်မှုလုပ်ငန်းတွေနဲ့ နာမည်ဆိုးကျော်ကြားနေတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ အဖွဲ့က အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲတစ်ခုကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရွှေကုက္ကိုလ်မြို့မှာ ကျင်းပပြုလုပ်သွားခဲ့တယ်လို့ BGF သတင်းပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ ကရင်နယ်ခြားစောင့်တပ် BGF ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ရဲ့ အခြေခံစစ်ပညာ အမှတ်စဉ် (၁၅/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ရွှေကုက္ကိုလ်မြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး…

စစ်အာဏာသိမ်း (၁၄၈၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၃၄၈) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ၂၆ AAPP ရဲ့ ဖေဖော်ဝါရီ၂၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၄၈၆) ရက်အတွင်း ပြည်သူ (၆၃၄၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၆၆၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၅၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

တောင်ပိုင်းမှာ ဟန်ချက်ညီထိုးစစ်တွေ တပြိုင်နက်တည်း ဆင်နွှဲလာနိုင်မလား

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၆ ရန်ကုန်နဲ့ပဲခူးဒေသကို ပြန်လည်စိုးမိုးနိုင်ဖို့ တိုက်ပွဲတွေ စတင်ဖော်ဆောင်တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တပ်ထွက်မိန့်ခွန်းမှာ ပြော ဆိုခဲ့ပါတယ်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်တော် PDF အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေ ပြောင်းရွှေ့မှုအပေါ် ဝန်ကြီးချုပ်က မိန့်ခွန်းပြောဆိုထားတာကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ NUG က…