February 14, 2025

စစ်အာဏာသိမ်း (၁၄၇၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၈၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ၁၅ AAPP ရဲ့ ဖေဖော်ဝါရီ၁၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၇၅) ရက်အတွင်း ပြည်သူ (၆၂၈၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၅၇၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၄၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

နိုင်ငံရေးပန်းတိုင် မရောက်မချင်း အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ မွန်ပြည်သစ် AD ပြော

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၅ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ မိမိတို့မျှော်မှန်းတဲ့ တန်းတူရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေးဆိုတဲ့ နိုင်ငံရေးပန်းတိုင် မရောက်မချင်း အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ AD က ပြောပါတယ်။ အဲဒီလို ကြိုးပမ်းရာမှာ ဘဝတူတိုင်းရင်းသားတွေ ဒီမိုကရေစီအင်အားစုတွေနဲ့အတူ လက်တွဲသွားမယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ကို ဖွဲ့စည်းတဲ့ တစ်နှစ်ပြည့် ဖေဖော်ဝါရီ ၁၄…

လေ့လာသူများပြားမှုကြောင့် MSME ထုတ်ကုန်ပြပွဲ ရက်တိုးကျင်းပမယ်လို့ စစ်ကောင်စီဝါဒဖြန့်

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၅ စစ်ကောင်စီ ကျင်းပတဲ့ ပြည်ထောင်စုအဆင့် အသေးစား၊ အငယ်စားနဲ့ အလတ်စား MSME ထုတ် ကုန်ပြပွဲကို လာရောက်လေ့လာသူ များပြားမှုကြောင့် ရက်တိုးကျင်းပသွားမယ်လို့ ဝါဒဖြန့်သတင်း စာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲကို နေပြည် တော် ဥပ္ပါတသန္တိ စေတီတော်အနီး…

ရွှေကုက္ကိလ်မြို့ထဲက ကျားဖြန့်လုပ်ငန်းတွေကို BGF စတင်ဖမ်းဆီး

ရွှေကုက္ကိုလ်၊ ဖေဖော်ဝါရီ ၁၅ ကျားဖြန့်ကို နှိမ်နင်းဖို့အတွက်ဆိုပြီး အထူးအဖွဲ့ ဖွဲစည်းလိုက်ပြီးတဲ့နောက် ကရင်နယ်ခြားစောင့်တပ် BGF က ရွှေကုက္ကိုလ်မြို့ထဲမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို စတင်ဖမ်းဆီးနေတယ်လို့BGF သတင်း ရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျားဖြန့် အွန်လိုင်းလိမ်လည်မှု ရာဇဝတ်မှုလုပ်ငန်းတွေကို တိုက်ဖျက်ဖို့အတွက် ထိုင်းနိုင်ငံက မြန် မာနိုင်ငံ မြဝတီမြို့နယ်ထဲကို ရောင်းချပေးနေတဲ့ လျှပ်စစ်မီးနဲ့ စက်သုံးဆီတွေ ဖြတ်တောက်ထားလိုက်ပြီး တစ်ပတ်အကြာ…

တနင်္သာရီမြို့နယ်မှာ စစ်ဘေးရှောင်ရာချီ ယားနာနဲ့ဝမ်းရောဂါဖြစ်နေ

တနင်္သာရီ၊ ဖေဖော်ဝါရီ ၁၅ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူတွေထဲက လူဦးရေ ၂၀၀ ကျော်ဟာ ယားနာနဲ့ ဝမ်းရောဂါဖြစ်ပွားတာတွေ ရှိနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရောဂါဖြစ်ပွားနေသူတွေဟာ တောတောင်နဲ့ဥယျဉ်ခြံတွေထဲမှာ စစ်ရှောင်နေရသူ အများစုပါဝင်ပြီး သောက်သုံးရေ မလုံလောက်တာ၊ ယင်လုံအိမ်သာမရှိတာနဲ့ ဖြစ်သလိုနေထိုင်ရတာတွေကြောင့် ရောဂါဖြစ်ပွားနေကြတာပါ။ ရောဂါဖြစ်ပွားနေသူတွေထဲမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်းပါဝင်ပြီး ရှိတဲ့ဆေး ဝါးတွေနဲ့ကုသပေးနေပေမယ့်…

နိုင်ငံခြားအကူအညီပေးရေး ရန်ပုံငွေတွေ ပြန်ပေးဖို့ အမေရိကန် တရားသူကြီး ညွှန်ကြား

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄ နိုင်ငံခြားသို့ အကူအညီပေးရေး အဖွဲ့အစည်းတွေအတွက် ရန်ပုံငွေတွေ ပြန်လည် ပေးအပ်ရေး အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အစိုးရကို ဖက်ဒရယ် တရားသူကြီး တစ်ဦးက ညွှန်ကြားထားကြောင်း Politico သတင်းဌာနက ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းမှာ ဖော်ပြထားပါတယ်။ ထရန့်ရဲ့ ရက်ပေါင်း ၉၀ ကြာ ရန်ပုံငွေ ရပ်ဆိုင်းထားမှုကြောင့်…

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို AA လူကုန်ကူးနေတယ်လို့ စစ်ကောင်စီ သတင်းမှားဖြန့်

အမှန်/အမှား ++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ရခိုင်ပြည်နယ် မေယုခရိုင်မှာ ရိုဟင်ဂျာတွေကို အေအေက လူကုန်ကူးနေတယ်”ဆိုပြီး စစ်ကောင်စီဘက်က ဓာတ်ပုံအဟောင်းတွေ အသုံးပြုကာ သတင်းအမှားဖြန့်ချိနေတဲ့ အ ကြောင်းကို စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီ မှိုင်းဝေတယ်လီဂရမ်ချန်နယ်နဲ့…

အီရန်ကို အစ္စရေး တိုက်ခိုက်ဖို့ ကြံစည်နေ

ဂျေရုစလင်၊ ဖေဖော်ဝါရီ ၁၄ အီရန်ရဲ့ နျူကလီးယားစီမံကိန်းကို အစ္စရေးက အခုနှစ် နှစ်လယ်ပိုင်းမှာ ကြိုတင် လက်ဦးမှု ရယူ တိုက်ခိုက်ဖို့ ရှိနေတယ်လို့ အမေရိကန် ထောက်လှမ်းရေးက သတိပေးထားကြောင်း ထောက်လှမ်းရေး သတင်းတွေကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြပါတယ်။ အစ္စရေးက အဲဒီလို တိုက်ခိုက်ခဲ့မယ်ဆိုရင် ဒေသတွင်းမှာ တင်းမာမှု အရှိန် မြင့်တက်လာပြီး…

ကလေးစစ်သားတွေ ပြန်လွှတ်ပေးနေပြီလို့ စစ်ကောင်စီဝါဒဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သ တင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “ကလေးစစ်သားတွေကို မိဘတွေထံ ပြန်ပို့ပေးနေပြီ ”လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း၊ကြေးမုံသတင်းစာအပါအဝင် တပ်လော်ဘီတွေရဲ့…

ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်မှာ တစ်ရက်တည်း ကျေးရွာ သုံးရွာ ဗုံးကြဲခံရ

ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်မှာ တစ်ရက်တည်း ကျေးရွာ သုံးရွာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် လူ သုံးဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ တစ်ရက်တည်း ကျိုက်ထိုမြို့နယ်က ပိန္နဲကုန်းကျေးရွာ၊ ကော်ကပ်ကျေးရွာ၊ ဘီးလင်းမြို့နယ်က…