February 4, 2025

စစ်အာဏာသိမ်း (၁၄၆၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၅၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ၅ AAPP ရဲ့ ဖေဖော်ဝါရီ ၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၆၅) ရက်အတွင်း ပြည်သူ (၆၂၅၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၄၇၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၂၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မရေရာတဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ နိုင်ငံရေးဝင်ပေါက်ဖြစ်သွားနိုင်မလား

နေပြည်တော် ၊ ဖေဖော်ဝါရီ ၅ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်သွားရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ အရေးပေါ်သက်တမ်း ၆ လ တိုးယူပြီး‌နောက် ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လုပ် ငန်းညှိနှိုင်းအစည်းအဝေးမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တာပါ။ မဲဆွယ်စည်းရုံးမှုတွေ ဆောင်ရွက်နိုင်ဖို့ လုံခြုံရေးနဲ့တည်ငြိမ်ရေး လိုအပ်မှာဖြစ်ပြီး…

မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ ဗျူဟာမှူးနဲ့တပ်ရင်းမှူး စခန်းစွန့်ခွာထွက်ပြေး

ဘီးလင်း၊ ဖေဖော်ဝါရီ ၅ မွန်ပြည်နယ် ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗျူဟာမှူးနဲ့တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၂၀ နီးပါး စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် ၂၇ စစ်ဗျူဟာက ထုတ်ပြန်ပါတယ်။ စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းက စတင်တိုက်ခိုက်ခဲ့ရာ…

ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

ရေး၊ ဖေဖော်ဝါရီ ၅ မွန်ပြည်နယ် ရေး-သံဖြူဇရပ်ပြည်ထောင်စုလမ်းပိုင်းမှာ စစ်ကောင်စီဘက်က အင်အားအများအ ပြားအသုံးပြုပြီး လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ခရီးသွားတွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးအပတ်ကစပြီး သံဖြူဇရပ်မြို့ကနေ ရေးမြို့သို့ သွားရာလမ်းတလျှောက်မှာ စစ်ဆေးရေးဂိတ်အသစ်တွေ တိုးချဲ့ထားပြီး ရှိရင်းစွဲ စစ်ဆေးရေးဂိတ်တွေမှာလည်း အင်အားထပ်မံဖြည့်တင်းထားတာပါ။ ဒေသခံတွေရဲ့ ပြောပြချက်အရ အရင်က စစ်ဆေးရေးဂိတ်တစ်ခုမှာအင်အား ၁၀…

ပွင့်ဖြူ မဲဇလီတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ စစ်သား ၅ ဦး သေဆုံး

မကွေး ဖေဖော်ဝါရီ ၄ မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပုသိမ် – မုံရွာလမ်းပိုင်းရှိ မဲဇလီတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးတယ်လို့ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာမြင့်ချိန် ၁ နာရီကျော်မှာ ဘန်ကာ ၃ လုံးလုံး…

အမေရိကန်ရဲ့အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု ရန်ပုံငွေနဲ့ TikTok ကို ဝယ်နိုင်တယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၄ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်အတွက် အချုပ်အခြာ အာဏာပိုင် ချမ်းသာကြွယ်ဝမှု ရန်ပုံငွေ ထူထောင်ဖို့ ပထမဆုံး ခြေလှမ်းလှမ်းလိုက်ပြီး အဲဒီ ရန်ပုံငွေနဲ့ TikTok ကို ဝယ်ယူနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ အဲဒီ ရန်ပုံငွေဟာ မကြာခင်မှာ အကြီးမားဆုံး ရန်ပုံငွေထဲက တစ်ခု ဖြစ်လာမယ်လို့ သမ္မတ ထရန့်က ပြောဆိုထားပြီး လုပ်ငန်းစဉ်…

ဂါဇာရှိ နာမကျန်းသူတွေ ဂျပန်မှာ ဆေးကုနိုင်တယ်လို့ ဝန်ကြီးချုပ် အီရှီဘာ ပြော

တိုကျို၊ ဖေဖော်ဝါရီ ၄ ဂါဇာကမ်းမြောင်ဒေသရှိ နာမကျန်းဖြစ်နေသူတွေနဲ့ ဒဏ်ရာရထားသူတွေကို ကမ္ဘာ့ စတုတ္ထအကြီးမားဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ ဂျပန်မှာ လာရောက် ဆေးဝါးကုသခွင့် ကမ်းလှမ်းဖို့ အစိုးရက စဉ်းစားနေကြောင်း ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာက ပြောကြားခဲ့ပါတယ်။ ဂါဇာရှိ နာမကျန်းဖြစ်သူတွေနဲ့ ဒဏ်ရာရထားသူတွေကို ဂျပန်မှာ ကူညီ ထောက်ပံ့ရေး မူဝါဒအတွက် အစိုးရ စီစဉ်ဆောင်ရွက်နေတယ်လို့ ဝန်ကြီးချုပ်…

နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ကြဖို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော်၊ ဖေဖော်ဝါရီ ၄ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အ စည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးမှုတွေ ဆောင်ရွက်နိုင်ရေး လုံခြုံရေးနဲ့ တည် ငြိမ်အေးချမ်းမှုရှိဖို့…

တအာင်းပြည်နယ်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၃ ဦး သေဆုံး

နောင်ချို၊ ဖေဖော်ဝါရီ ၄ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီက…

ကရင်နီပြည်နယ်မှာ တစ်နှစ်အတွင်း အရပ်သား ၁၀၀ ကျော် သတ်ဖြတ်ခံရ

ကရင်နီ၊ ဖေဖော်ဝါရီ ၄ ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ၂၃၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ က ရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သေဆုံးခဲ့တဲ့ အရပ်သားပြည်သူတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊…