ကရင်နှစ်သစ်ကူးနေ့မှာ ဗုံးကြဲတာမရှိဘူးလို့ စစ်တပ်လိမ်လည်ဝါဒဖြန့်
အမှန်/အမှား ++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ကရင်နှစ်သစ်ကူးနေ့မှာ KNU အုပ်ချုပ်နယ်မြေထဲ လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်မှု ကျူးလွန်ခဲ့တာမရှိကြောင်း”စစ်ကောင်စီတပ် သတင်းအမှားဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ပိုင်မြဝတီသတင်းဌာနအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ…