ယူကရိန်း-ရုရှား စစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးကြဖို့ ပုပ်ရဟန်း မင်းကြီး တိုက်တွန်း
ဗာတီကန်စီးတီး၊ ဒီဇင်ဘာ ၂၆ ၂၀၂၂ ခုနှစ်အတွင်း ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်မှုကြောင့် စတင်ခဲ့တဲ့ စစ်ပွဲ အဆုံးသတ်ရေး ရုရှားနဲ့ ယူကရိန်းကြား ညှိနှိုင်းမှုတွေ ပြုလုပ်ကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။ အစဉ်အလာအရ မိန့်ကြားတဲ့ ခရစ်စမတ် မိန့်ခွန်းထဲမှာ ပုပ်ရဟန်းမင်းကြီးက နှစ်နိုင်ငံကြား ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိစေရေးနဲ့ ဆွေးနွေးညှိနှိုင်းရေး တံခါးကို ဖွင့်လှစ်ဖို့…