ရေး၊ ဒီဇင်ဘာ ၁၀

မွန်လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ဦးစီးပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၉ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

သင်တန်းဆင်းပွဲကို မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်း၊ ကာကွယ်ရေးဌာနမှူး နိုင်ဒင်းပလဟံသာ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်မှူး နိုင်နဂါးနဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့မှ ဗျူဟာမှူး (၃၃)၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဒေါနစစ်ကြောင်း တပ်ရင်းမှူးတို့ တက်ရောက်ခဲ့ပါတယ်။

အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် ၂ ကို အမျိုးသား၊အမျိူးသမီး စစ်သည် ၄၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ ၃၅ ရက် ဖြစ်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဒီသင်တန်းကို မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF နဲ့ ရေးသိမ်းငှက်အဖွဲ့က ရဲဘော်သစ်တွေ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MSFC/MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.