ညောင်လေးပင်၊ ဒီဇင်ဘာ ၁၀
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်ထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာလေးရွာက ဒေသခံ ၂၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက KNU က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၇ ရက်နေ့ကစပြီး ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေး ရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၇) လက်အောက်ရှိ တပ်ဖွဲ့တွေနဲ့ ရေဖြူကန်ကျေးရွာမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲကြောင့် ချုံအင်းကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ ကောက်မယ့်သူကျေးရွာ၊ ရေဖြူကန်ကျေး ရွာမှ လူဦးရေစုစုပေါင်း ၂,၅၆၀ ဦးဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ KNU ညောင်လေး ပင်ခရိုင်က ကျေးရွာတွေထဲ ဒရုန်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၉ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံအရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း KNU နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်အရေအတွက် တစ်သန်းကျော်အထိ တိုးလာခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU