မော်လမြိုင်၊ ဒီဇင်ဘာ ၁၀

နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အခုနှစ်အတွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား ၂၄ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာနေထိုင်တဲ့ သန်လျင်ရေတပ်က တပ်သားပြည့်စုံဦးဟာအကြမ်း မဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်မှုကြောင့် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် သေဒဏ်ချမှတ်ခံခဲ့ရတာပါ။

အဲဒီနောက် တပ်သားပြည့်စုံဦးဟာ အကျဉ်းထောင်မှာ ချုပ်နှောင်ခံရစဉ် ကျောက်ကပ်ရောဂါနဲ့ အ ဆုတ်ရေဝိုင်းရောဂါ ခြောက်လနီးပါးခံစားခဲ့ရပြီး နိုဝင်ဘာ ၃၀ ရက်နေ့က အင်းစိန်အကျဉ်းထောင်မှာ သေဆုံးခဲ့ရပါတယ်။

စစ်အာဏာသိမ်းကာလအတွင်း အကျဉ်းထောင်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ နိုင်ငံ ရေးအကျဉ်းသား ၁၀၃ ဦးရှိပြီး အဲဒီထဲမှာဆေးဝါးကုသခွင့် မလုံလောက်တာကြောင့် သေဆုံးခဲ့ရသူ ၆၃ ဦး ပါဝင်တယ်လို့ AAPP က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဒီဇင် ဘာ ၉ ရက်နေ့အထိ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရသူ ၆၀၀၀ ကျော်အထိ ရှိလာတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AAPP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.