ကော့သောင်း၊ နိုဝင်ဘာ ၆
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နယ်ခွဲရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
ခမောက်ကြီးမြို့နယ် အမှတ် ၄ ရပ်ကွက် ဒေသအခေါ် ဖောင်ဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးကို နိုဝင် ဘာ ၄ ရက် ညနေ ၅ နာရီအချိန်ခန့်ခွဲမှာ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သွား ရောက် ပစ်ခတ်ရှင်းလင်းခဲ့တာပါ။
အသက် ၅၂ နှစ်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဒေါ်ဝင်းဌေးဟာ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ဒေသခံတွေထံကနေ အတင်းအဓမ္မငွေကြေးတောင်းခံတာ၊ စစ်မှုထမ်းဖို့ လူစုပေးတာ၊ သူနဲ့မတည့်တဲ့ ဒေသ ခံတွေကို PDF ဆိုပြီး ချောက်ချတိုင်းတာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းအချက်အလက်တွေကို စစ်ကောင်စီထံ သတင်းပေးပို့တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အဲဒီလုပ်ရပ်တွေကို မပြုလုပ်ဖို့ အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့ပေမယ့် ဒေါ်ဝင်ဌေးဟာ လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေတာကြောင့် သူရဲ့နေအိမ်မှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရတာကြောင့် ခမောက်ကြီးအခြေစိုက် တပ်စခန်းတွေကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး ကော့သောင်းမြို့နယ်နဲ့ ခမောက်ကြီးမြို့နယ်ခွဲတို့မှာလည်း စစ်ဆေးရေးတွေ တင်းကျပ်ကာ ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ကျန်ရှိနေတဲ့ စစ်ကောင်စီကို အားပေးထောက်ခံတဲ့ စစ်ကောင်စီထောက်တိုင် သူလျှိုနဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးအဖွဲ့တွေဟာ ပြည်သူနဲ့ပူးပေါင်းပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့နဲ့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း တနင်္သာရီတိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KTLA နဲ့ KNLA တပ်ဖွဲ့တွေရဲ့ ဒလန်ရှင်းလင်းရေးခေါင်းစဉ်နဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ သုံးဦးရှိခဲ့တယ်လို့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ