November 5, 2024

မြန်မာ့အရေး တရုတ်နဲ့အိန္ဒိယတို့ အပြိုင်အဆိုင်ချဉ်းကပ်လာ

နေပြည်တော် ၊ နိုဝင်ဘာ ၆ အရှေ့ခြမ်းနဲ့အနောက်ခြမ်းမှာ တည်ရှိနေတဲ့ တရုတ်နဲ့အိန္ဒိယနိုင်ငံတို့ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အကျပ်အတည်းတွေနဲ့ပတ်သက်ပြီး ပါဝင်နေကြတဲ့ အင်အားစုတွေကို အပြိုင်အဆိုင် ချဉ်းကပ်လာပါတယ်။ တရုတ်က သူတို့နိုင်ငံမှာပြုလုပ်တဲ့ မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ စစ်ခေါင်းဆောင်ကို ဖိတ်ကြားခဲ့သလို အိန္ဒိယကလည်း ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ဖို့ အတိုက်အခံအင်အားစုတွေ၊ EAOs တွေနဲ့ နိုင်ငံရေးပါတီတွေကို ဖိတ်ကြားခဲ့ပါတယ်။ နိုင်ငံရေးအကဲခတ်တွေကတော့…

မွန်ပြည်နယ်မှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးငွေညှစ်မှုပိုဆိုးလာ

မော်လမြိုင် ၊ နိုဝင်ဘာ ၆ မွန်ပြည်နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေအပေါ် နည်းလမ်းအမျိုးအမျိုးအသုံးပြုပြီး ဖမ်းဆီးငွေညှစ်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ မြို့တွင်းလှည့်လည်တာ၊ ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေအပြင် လူနေများတဲ့နေရာတွေမှာ ဧည့်စာရင်းစစ်ဆေးကာ ခြိမ်းခြောက်ငွေညှစ် တောင်းခံတာတွေ ပြုလုပ်နေတာပါ။ အဲဒီလိုလုပ်ဆောင်ရာမှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရ သတ်မှတ်ထားတဲ့ ပေါင်၊…

ကော့သောင်းမှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ကော့သောင်း၊ နိုဝင်ဘာ ၆ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နယ်ခွဲရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။ ခမောက်ကြီးမြို့နယ် အမှတ် ၄ ရပ်ကွက် ဒေသအခေါ် ဖောင်ဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးကို နိုဝင် ဘာ ၄ ရက် ညနေ ၅ နာရီအချိန်ခန့်ခွဲမှာ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သွား ရောက်…

ဖာပွန်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးသေဆုံး

ဖာပွန်၊ နိုဝင်ဘာ ၆ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာပြီးခဲ့တဲ့ အောက်တိုဘာ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားသုံးဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မဟာ ၅ ဌာနချုပ်က ထုတ်ပြန်ပါတယ်။ အောက်တိုဘာလထဲမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာတွေထဲကို လေ ကြောင်းက နေတစ်ဆင့် ဗုံးအလုံးပေါင်း ၃၆၉…

တောင်တရုတ်ပင်လယ်မှာ ဗီယက်နမ်ရဲ့ ကျောက်တန်းတိုးချဲ့မှု မလေးရှား စောဒကတက်

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၅ နှစ်နိုင်ငံစလုံးက သူတို့ပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့ တောင်တရုတ် ပင်လယ်ထဲမှာ ကျောက်တန်းတည်ဆောက်မှုကို ဗီယက်နမ်က တိုးချဲ့ဆောက်လုပ်နေတယ်ဆိုတဲ့ ကိစ္စအတွက် မလေးရှားက ကန့်ကွက်ကြောင်း အသိပေးစာ တစ်စောင်ကို ဟနွိုင်းအစိုးရဆီ ပေးပို့ထားတယ်လို့ အရာရှိ နှစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ ဒါက တရုတ် မပါဝင်ဘဲ မလေးရှားနဲ့ ဗီယက်နမ်ကြား ရှားရှားပါးပါး တင်းမာမှု…

အီလွန်မက်စ်အနေနဲ့ မဲပေးသူတွေကို ဒေါ်လာ ၁ သန်းစီ ဆက်ပေးခွင့်ရှိတယ်လို့ တရားသူကြီး ဆုံးဖြတ်

ဝါရှင်တန်၊ နိုဝင်ဘာ ၅ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း နှစ်ဦး အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ သူဌေးကြီး အီလွန်မက်စ်ရဲ့ နိုင်ငံရေး အုပ်စုက မဲပေးသူတွေကို ဒေါ်လာ ၁ သန်းစီ ဆက်ပြီး ပေးခွင့်ရှိတယ်လို့ တရားသူကြီး တစ်ဦးက ဆုံးဖြတ်လိုက်ပါတယ်။ အီလွန်မက်စ်ရဲ့ America PAC အုပ်စုက အဲဒီ ပြည်နယ်တွေမှာ မဲပေးသူတွေကို…

တနင်္သာရီကကျေးရွာနှစ်ရွာကို စစ်တပ်ဗုံးကြဲ

တနင်္သာရီ၊ နိုဝင်ဘာ ၅ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်းပြည့်နဲ့ကိုးအင်းကျေးရွာတို့ကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်စစ်ကြောင်းထံကနေ သိရပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ မြိတ်လေတပ်ကနေ တက်လာတဲ့ တိုက်လေယာဉ် တစ်စီးဟာ ကိုးအင်းရွာအနားကို ဗုံးလေးလုံး၊ ဘန်းပြည့်ကျေးရွာကို ဗုံး နှစ်လုံးကြဲချခဲ့သလို စက်…

ပွင့်ဖြူနဲ့စလင်းမှာ ရဲနဲ့တပ်ပြေးတွေ ပိုများလာ

မကွေး၊ နိုဝင်ဘာ ၅ မကွေးတိုင်း ပွင့်ဖြူနဲ့ စလင်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့လကစလို့ စစ်ကောင်စီလက်အောက်ခံတွေ ရဲနဲ့ စစ်သားတွေ ထွက်ပြေးတာ ပိုများလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတည်းမှာတင် ရဲနဲ့ စစ်သား ၁၀ ဦးနီးပါး ထွက်ပြေးခဲ့တယ်လို့ စုံ စမ်း သိရှိရပါတယ်။ ရဲနဲ့တပ်ပြေးတွေ ပိုများလာတာဟာ ပုသိမ်- မုံရွာလမ်းပိုင်းမှာ…

ပုလောကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ်မီးရှို့

ပုလော၊ နိုဝင်ဘာ ၅ တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အထိနာသွားတာကြောင့် ကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ ပုလောမြို့နယ်အခြေစိုက် အမှတ် ၂၈၅ ခြေလျင်တပ်ရင်းက အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ ညပိုင်းမှာ ကျောင်းနိမ့်ကျေးရွာထဲကို…