ဂျေရုစလင်၊ စက်တင်ဘာ ၃

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရယူဘူးဆိုရင် ဓားစာခံတွေ နောက်ထပ် ဆုံးရှုံးရဖို့ ရှိနေတယ်လို့ ဟားမာ့စ်အဖွဲ့က သတိပေးထားချိန်မှာ သေဆုံးသွားတဲ့ ဓားစာခံတွေအတွက် ခွင့်လွှတ်ပေးကြဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက တောင်းပန်လိုက်ပါတယ်၊

ဓားစာခံတွေ ပြန်လွည် လွတ်မြောက်ရေး ကိုင်တွယ် ဖြေရှင်းပုံနဲ့ ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြပွဲတွေ ဒုတိယမြောက်နေ့ကို ဝင်ရောက်လာချိန်မှာ သူက အခုလိုမျိုးတောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်ကနေ ပေးပို့လိုက်တဲ့ လက်နက်တွေကို အစ္စရေးက နိုင်ငံတကာ ဥပဒေတွေ ချိုးဖောက်ရာမှာ အသုံးချနိုင်တယ်ဆိုတဲ့ သံသယနဲ့ လက်နက် ရောင်းချခွင့် ပိတ်ပင်ထားချိန်မှာ အစ္စရေးဟာ နိုင်ငံတကာ ဖိအားတွေနဲ့လည်း ပိုမိုရင်ဆိုင်နေရပါတယ်။

ဟားမာ့စ်အဖွဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လည် လွတ်မြောက်ရေး ဝန်ကြီးချုပ် နေတန်ညာဟုရဲ့ လုပ်ဆောင်ချက်တွေ လုံလောက်မှု မရှိဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ပြောကြားထားပါတယ်။

သမ္မတ ဘိုင်ဒန်က နောက်ဆုံး အဆိုပြုချက် တစ်ခုကို ဝန်ကြီးချုပ် နေတန်ညာဟုဆီ ပေးပို့ထားပြီး ဟားမာ့စ်အဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး လုံလောက်တဲ့ ကြိုးပမ်းမှုတွေ မရှိဘူးလို့ နေတန်ညာဟုကို ပြောကြားထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတာ ၁၁ လ ကြာပြီ ဖြစ်တဲ့ ဓားစာခံတွေ ပြန်လည် လွတ်မြောက်ရေး အစ္စရေးနိုင်ငံသားတွေ ဆန္ဒပြ တောင်းဆိုနေကြချိန် ဝန်ကြီးချုပ် နေတန်ညာဟုဟာ ပြည်တွင်းမှာရော ပြည်ပမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အစ္စရေးက စစ်ရေးအရ ဆက်လက် ဖိအားပေးနေမယ်ဆိုရင် ဓားစာခံတွေကို အခေါင်းထဲထည့်ပြီး ပြန်ပို့ပေးမယ်လို့ ဟားမာ့စ်အဖွဲ့က စက်တင်ဘာ ၁ ရက်မှာ ခြိမ်းခြောက်ထားပါတယ်။

ဝန်ကြီးချုပ် နေတန်ညာဟုဟာ သူကိုယ်တိုင် နိုင်ငံရေးအရ ရှင်သန်နိုင်ရေး ဟားမာ့စ်နဲ့ သဘောတူညီမှု မယူဘဲ စစ်ပွဲ ဆက်လက် ဆင်နွှဲနေတယ်လို့ စွပ်စွဲခံထားရပါတယ်။

အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့က ကြားဝင် ညှိနှိုင်းပြီး အပစ်ရပ်ရေး သဘောတူညီချက် တစ်ခု ရရှိစေဖို့ ကြိုးပမ်းနေပေမယ့် အစ္စရေးနဲ့ ဟားမာ့စ်ကြား တောင်းဆိုချက်တွေအရ သဘောတူညီဖို့ ခက်ခဲနေတာလည်းဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.