ရေဖြူ၊ ဩဂုတ် ၇

တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ စစ်ကောင်စီရဲ့ ရေဖြူတံတားဂိတ်နဲ့ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF က ဩဂုတ် ၅ ရက်နေ့မှာ သတင်းထုတ် ပြန်ပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်နှစ်ခုကို ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အ လစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ဘုရားမဲဂိတ်ကို စနိုက်ပါနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရေဖြူတံတားဂိတ်ကိုတော့ လက် နက်ကြီး လက်နက်ငယ်တွေနဲ့ အလစ်ငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်ကို ကိုးကားပြီး YPPDF ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို YPPDF ၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ၊ ကျားသစ်နက်၊ ဘီလုံးပြောက်ကျားအဖွဲ့၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ပူးပေါင်းပါဝင်တဲ့ သာဂရစစ် ကြောင်းက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိူင် ၂၂ ရက်နေ့ကလည်း ရေဖြူမြို့ပေါ်မှာ စစ်ကားတစ်စီး တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Google Map

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.