ပုလော၊ ဩဂုတ် ၇

တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့ရဲစခန်းအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင် စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ ပလမြို့ရဲစခန်းနဲ့ အဲဒီအရှေ့မှာရှိတဲ့ စစ်ကောင် စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးမဟာပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ကျော်ကြာဖြစ်ပွားခဲ့ပြီး တော်လှန် ရေးတပ်ဖွဲ့ တွေက လက်ဦးမှုရယူနိုင်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က အထိနာခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ရဲစခန်းကို ဝင်ထွက်သွားလာမှုရှိနေတဲ့ ပုလောမြို့နယ် ပြည် သူ့စစ်ခေါင်းဆောင်ရဲ့ တူဖြစ်သူ အသက် ၂၀ အရွယ် ဒင်္ဂါးဆိုသူလည်း ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မြိတ်ခရိုင် အမှတ်၁ တပ်ရင်း နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ် ရင်း ၇ တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပလမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လကစပြီး စစ်ကောင်စီတပ်စခန်းတွေ မကြာခဏတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိနေသလို နှစ်ဖက်စစ်ရေးဆက်လက်တင်းမာနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.