မနီလာ၊ သြဂုတ် ၃

ဖိလစ်ပိုင်နဲ့ ဂျပန်တို့ဟာ တောင်တရုတ်ပင်လယ်မှာ သြဂုတ် ၂ ရက်က ပထမဆုံး ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားလိုက်ပါတယ်။

ဒါဟာ တရုတ်ရဲ့ ဒေသတွင်းမှာ ထင်ရာစိုင်းလုပ်ဆောင်နေမှုကို ပြန်လည် တွန်းလှန်ရေး နိုင်ငံတွေကြား နောက်ဆုံး ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။

Armed Forces of the Philippines Chief of Staff General Romeo Brawner (L) shakes hands with Yoshihide Yoshida, Chief of Staff, Joint Staff of Japan’s Self Defense Force prior to a 2{2 meeting at a hotel in Manila on July 8, 2024. The Philippines and Japan signed a key defence pact on July 8 that will allow the deployment of troops on each other’s territory, as they boost ties in the face of China’s growing assertiveness. Ted ALJIBE / AFP

မနီလာနဲ့ ဝါရှင်တန်တို့ကြား ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာ အလားတူ ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီးနောက် အခု တစ်ကြိမ် ထပ်ပြီး ဂျပန်နဲ့ ဖိလစ်ပိုင် အထူးစီးပွားရေးဇုန်ထဲမှာ ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်လာတာဖြစ်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်ပွင့်လင်းမှု လက်တွေ့ ဖြစ်ပေါ်လာစေရေး ဒေသဆိုင်ရာနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် လုပ်ဆောင်မှုရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်ကြောင်း ဖိလစ်ပိုင် စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့ မဟာမိတ်တွေ ဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ ဂျပန်တို့ဟာ နှစ်နိုင်ငံကြား တပ်ဖွဲ့ဝင်တွေ အပြန်အလှန်ချထားရေး သဘောတူညီမှု တစ်ရပ် ပြီးခဲ့တဲ့လမှာပဲ လက်မှတ် ရေးထိုးထားခဲ့ကြပါတယ်။

ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကလည်း သူတို့ပိုင်တယ်လို့ ပြောဆိုထားတဲ့ ဒေသတွေ ပါဝင်နေတဲ့ တောင်တရုတ် ပင်လယ် တစ်ခုလုံး နီးပါးကို တရုတ်က သူတို့ အပိုင် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

စစ်မက်ကာလ အလွန် ငြိမ်းချမ်းစွာ ရပ်တည်ရေးမူကနေ ဝေးရာသို့ ခြေတစ်လှမ်းလှမ်းတဲ့ အနေနဲ့ ဂျပန်က ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စစ်အင်အား တည်ဆောက်မယ့် အစီအစဉ်ကို ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ပါတယ်။

ဂျပန်ဟာ အရှေ့တရုတ်ပင်လယ်မှာ တရုတ်နဲ့ ရေပြင် နယ်နိမိတ်ဆိုင်ရာ သီးခြားအငြင်းပွားမှု ရှိနေပြီး အဲဒီ နေရာမှာ အိမ်နီးချင်း နှစ်နိုင်ငံဟာ အကြိမ်ကြိမ် ရင်ဆိုင်တွေ့ခဲ့ကြပါတယ်။

နိုင်ငံတစ်ခုချင်းစီက စစ်သင်္ဘော နှစ်စီးစီ ပါဝင်တဲ့ ဖိလစ်ပိုင်နဲ့ ဂျပန်တို့ရဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေက တရုတ်ကို ဒေါသထွက်စေမှာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.