အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ နှစ်ရက်အတွင်း အရပ်သားကိုးဦး သေဆုံးမှုအပေါ် တော်လှန်ရေးတပ်ဘက်က ပစ်ခတ်တာလို့” စစ်ကောင်စီ သတင်းမှားဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း၊MWD,MOI ချန်နယ်တွေနဲ့ တပ်လော်ဘီတွေက လူမှုကွန်ရက်နဲ့ တယ်လီဂရမ်တွေမှာ ဇူလိုင် ၃၁ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားကိုးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်း အရုံး KNU သထုံခရိုင်က ဇူလိုင် ၃၀ ရက် နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၂ ရက်နေ့က သိမ်ဇရပ်နယ်မြေရဲစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ပြီးနောက် သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ကနေ လက်နက် ကြီး ၁၀ လုံး ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ သံလွင်တိုင်မ်းသတင်းဌာနက ဖော်ပြထားပါတယ်။

အမြောက်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သိမ်ဇရပ်မြို့ ရွာလေးရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၄၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်ကြည်ကြည်လင်းနဲ့ ခင်ပွန်းဖြစ်သူကိုလေးစစ်သူတို့ ထိမှန်သေဆုံးခဲ့ကာ အိမ်နီးချင်းဒေါ်ယဉ်ဝေလွင် ဒဏ်ရာရရှိခဲ့တာပါ။

ဇူလိုင် ၂၃ ရက်နေ့ကလည်း ကျိုက်ထိုအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အမြောက်တပ်ကနေ တိုက်ပွဲဖြစ်ပွားရာ ကျောက်တန်းလေးကျေးရွာဘက်ကို လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် အလုပ်သ မားတွေအပါအဝင် ဒေသခံ ခုနှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

KNUရဲ့ ထုတ်ပြန်ချက်လင့်

https://www.facebook.com/story.php?story_fbid=826684952900048&id=100066756515394&mibextid=oFDknk&rdid=lLDjF6VarG0XamYa

သံလွင်တိုင်းမ်သတင်းဌာနကဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=545104244747053&id=100077424451291&mibextid=oFDknk&rdid=D8xvkmaDC04khrfI

BBC သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://www.facebook.com/story.php?story_fbid=927597632746234&id=100064880160350&mibextid=oFDknk&rdid=SOgGhkpmbV49qQvL

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.