August 3, 2024

မကွေးမြို့မှာ စက်သုံးဆီ ပြတ်လပ်လို့ အကန့်အသတ်နဲ့သာ ရောင်းချနေ

မကွေး၊ ဩဂုတ် ၃ မကွေးတိုင်း၊ မကွေးမြို့မှာ စက်သုံးဆီပြတ်လပ်နေတဲ့အတွက် အကန့်အသတ်နဲ့ ဝယ်ယူနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ အခုလိုမျိုး စက်သုံးဆီပြတ်လပ်နေတာဟာ အချိန် တစ်ပတ်ဝန်းကျင်ရှိပြီဖြစ်ပြီး ကား၊ ဆိုင်ကယ်နဲ့ သုံးဘီးတွေအတွက် အကန့်အသတ်နဲ့ပဲရောင်းချနေတယ်လို့ သိရပါတယ်။ “အဓိကကတော့ မနက်ပိုင်းတွေ တန်းစီပြီးဝယ်ရတာများတယ်။ ပြီးတော့ ဆီကုန်နေပါသည် ဆိုပြီး ဆိုင်းဘုတ်ထောင်ထားကြတယ်။ စျေးကတော့ ထူးတက်တာမျိုးမရှိဘူး”လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။…

ဝဲခမိကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမငါးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခု ဖမ်းဆီး

သံဖြူဇရပ်၊ ဩဂုတ် ၄ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမငါးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ပြောက်ကျားဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ အင်အား ၁၅ ဦးပါ လက်နက်ကိုင်အဖွဲ့တစ်ခုက ဝဲခမိကျေးရွာ အထက်တန်းကျောင်းထဲ ဝင်ရောက်…

ဘားအံမှာ သံလွင်မြစ်ရေထပ်တိုးလာလို့ မြေနိမ့်ပိုင်းနေထိုင်သူတွေကို မိုးဇလသတိပေး

ဘားအံ၊ သြဂုတ် ၄ ရေကြီးရေလျှံမှုကြောင့် ပြည်သူထောင်ချီ ရေဘေးကယ်ဆယ်ရေးစခန်းတွေဆီ ပြောင်းရွှေ့နေထိုင်နေရတဲ့ ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေထပ်တိုးလာနိုင်တဲ့အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်နေသူတွေ အထူးသတိပြုနေထိုင်ဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မိုးဇလရဲ့ ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ၅ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက်တစ်ရက်အတွင်း…

တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်နဲ့ ဂျပန် ပထမဆုံးအကြိမ် ပူးတွဲ စစ်ရေးလေ့ကျင့်

မနီလာ၊ သြဂုတ် ၃ ဖိလစ်ပိုင်နဲ့ ဂျပန်တို့ဟာ တောင်တရုတ်ပင်လယ်မှာ သြဂုတ် ၂ ရက်က ပထမဆုံး ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားလိုက်ပါတယ်။ ဒါဟာ တရုတ်ရဲ့ ဒေသတွင်းမှာ ထင်ရာစိုင်းလုပ်ဆောင်နေမှုကို ပြန်လည် တွန်းလှန်ရေး နိုင်ငံတွေကြား နောက်ဆုံး ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။ မနီလာနဲ့ ဝါရှင်တန်တို့ကြား ပြီးခဲ့တဲ့ ဇူလိုင် ၃၁…

ဒီမိုကရက်သမ္မတလောင်းအဖြစ် အမေရိကန် ဒုသမ္မတ ဟားရစ် တရားဝင် ရွေးချယ်ခံရ

ဝါရှင်တန်၊ သြဂုတ် ၃ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အမေရိကန် ဒုသမ္မတ ကာမယ်လာ ဟားရစ်ကို ရွေးကောက်ပွဲ သမ္မတလောင်းအဖြစ် ဒီမိုကရက်ပါတီ ကိုယ်စားလှယ်တွေ မဲခွဲဆုံးဖြတ်ပြီး တရားဝင် ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီလို ရွေးချယ်ခံရမှု အတွက် ဂုဏ်ယူမိကြောင်း ဒုသမ္မတ ဟားရစ်က ပြောကြားခဲ့ပါတယ်။ ဒုသမ္မတ ဟားရစ်ဟာ အမေရိကန် နိုင်ငံရေး…

ပုလောတိုက်ပွဲအတွင်း အရပ်သားနှစ်ဦးသေဆုံး

ပုလော၊ ဩဂုတ် ၃ တနင်္သာရီတိုင်း ပုလောမြို့နယ် ဆင်ထိုးကြီးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့စစ်ရှောင်အရေး ကူညီပေးနေသူတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဆင်ထိုးကြီးကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း…

စစ်‌ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ နိုင်ငံတ ကာကို MNDAA တိုက်တွန်း

လားရှိုး ၊ ဩဂုတ် ၃ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ ကိုးကန့်အဖွဲ့ MNDAA က တိုက်တွန်းလာပါတယ်။ ရှမ်းမြောက်တိုက်ပွဲအတွင်း အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီကို အပြင်းအထန်ရှုတ်ချတဲ့ MNDAA ရဲ့ ဩဂုတ် ၂ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့် သွင်းခဲ့တာပါ။ ဇူလိုင်လဆန်းကစပြီး…

သရက်ချောင်းမှာ စစ်မှုထမ်းတွေ ခေါ်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

သရက်ချောင်း၊ ဩဂုတ် ၃ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ စစ်မှုထမ်းဖို့ လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ စစ်ကောင်စီကားသုံးစီး တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ အဲဒီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ ဩဂုတ် ၂ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်မှာ စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ကားသုံးစီးနဲ့ သရက်ချောင်းမြို့ကနေ ထားဝယ်မြို့သို့ ပို့ဆောင်ချိန် သင်းကျွန်းရွာနဲ့ ရန်တောင်ကျေး…

ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ အရပ်သားကိုးဦးသေဆုံးမှု စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ နှစ်ရက်အတွင်း အရပ်သားကိုးဦး သေဆုံးမှုအပေါ် တော်လှန်ရေးတပ်ဘက်က ပစ်ခတ်တာလို့” စစ်ကောင်စီ သတင်းမှားဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့…