July 2024

စစ်အာဏာသိမ်း (၁၂၇၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၄၆၇) ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ် ၁ AAPP ရဲ့ ဇူလိုင် ၃၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၇၇) ရက်အတွင်း ပြည်သူ (၅၄၆၇ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၁၂၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၃၁၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ဒေါ်လာနဲ့ ဘတ်ငွေဈေးနှုန်း စံချိန်တင်ထိုးတက်လာ

မော်လမြိုင် ၊ သြဂုတ် ၁ အမြင့်ဈေးမှာပဲ ဆက်ရှိနေတဲ့ ပြည်တွင်းဒေါ်လာနဲ့ ဘတ်ငွေဈေးနှုန်းဟာ ဇူလိုင်လကုန်မှာ သမိုင်းတလျှောက် တစ်ခါမှမဖြစ်ဖူးတဲ့ စံချိန်တင်ဈေးနှုန်းတွေအထိ ဆက်တိုက်မြင့်တက်လာတယ်လို့ နိုင်ငံ ခြား ငွေကြေးဈေးကွက်ကနေ သိရပါတယ်။ ဇူလိုင်လအစက တစ်ဒေါ်လာလျှင် ကျပ် ၄၅၀၀ သာရှိခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးဟာ ဇူလိုင် ၃၁ ရက်နေ့မှာ ကျပ် ၅၄၀၀ ဝန်းကျင်အထိ ဈေးနှုန်းထိုးတက်လာတာ…

သံဖြူဇရပ် – ရေး – ထားဝယ်လမ်းပိုင်း ပြန်လည်စိုးမိုးရေး စစ်ကောင်စီကြိုးပမ်း

ရေး ၊ သြဂုတ် ၁ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ သံဖြူဇရပ် – ရေး – ထားဝယ်လမ်းပိုင်းကို အပြည့်အဝ ပြန်လည်စိုးမိုးနိုင်ရေး စစ်ကောင်စီက အင်အားတိုးချဲ့ကာ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ကြိုးပမ်းလာနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။ စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေအပါအဝင် ပြန်လည်ရုတ်သိမ်းခဲ့တဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းက စစ်သားတွေနဲ့ တပ်သားဟောင်းတွေကို ပေါင်းပြီး သံဖြူဇရပ်…

ကရင်ပြည်နယ်ရေကြီးမှုကြောင့် လူငါးဦးသေဆုံး၊ ၃၀၀၀၀ နီးပါး အရေးပေါ်ရွှေ့ပြောင်းခဲ့ရ

ဘားအံ၊ သြဂုတ် ၁ ကရင်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ ရေကြီးရေလျှံမှုကာလအတွင်း ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၃၀၀၀၀ နီးပါး ရေဘေးသင့်စခန်းဆီ ရွှေ့ပြောင်းနေထိုင်ခဲ့ရတယ်လို့ ပြည်နယ်စစ်ကောင်စီနဲ့ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်က ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီမြို့ပေါ်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး သောင်းရင်းမြစ်ရေ အရှိန်အဟုန်နဲ့ တိုးလာနေတဲ့အတွက်…

ထားဝယ်မှာ နေအိမ်တွေဝင်ဖောက်တဲ့ စစ်ကောင်စီတပ် တိုက် ခိုက်ခံရပြီး ၁၀ ဦးသေဆုံး

ထားဝယ်၊ သြဂုတ် ၁ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ ဒေသခံနေအိမ်တွေကို ဝင်ဖောက်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် ၁၀ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က အဲ့ဒီကျေးရွာထဲကို တပ်အင်အား ၇၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် ဝင်ရောက်လာပြီးနောက် ဒေသခံတွေ နေအိမ်တွေကို…

စဉ့်ကူးနဲ့မိုးကုတ်မြို့မှာ မန္တလေး PDF ဆက်ကြေးကောက်နေတယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ မန္တလေးတိုင်း စဉ့်ကူးနဲ့ မိုးကုတ်မြို့မှာ မန္တလေး PDF က ဆက်ကြေးကောက်နေတယ်လို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်ချိနေတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်လော်ဘီတွေက…

ရှုံးပွဲဆက်နေတဲ့ စစ်ကောင်စီ ခြောက်လ သက်တမ်းထပ်တိုးပြန်

နေပြည်တော်၊ ဇူလိုင် ၃၁ နိုင်ငံ့အာဏာသိမ်းယူမှုကြောင့် ပေါ်ပေါက်လာတဲ့ တစ်နိုင်ငံလုံးအနှံ့ ခုခံတော်လှန်စစ်အတွင်း မြို့ပေါင်း ၇၀ ကျော် လက်လွှတ်ခဲ့ရပြီးချိန်မှာ စစ်ကောင်စီက နောက်ထပ် အရေးပေါ်ကာလသက်တမ်း ၆ လ ထပ်မံတိုးယူပြန်ပါတယ်။ စစ်ကောင်စီသတင်းထုတ်ပြန်ချက်အရ ဒီကနေ့ ဇူလိုင် ၃၁ ရက်နေ့ မနက် ၁၀ နာရီမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူပြီး ယာယီသမ္မတရာထူးလွှဲအပ်ခံထားရတဲ့ ဗိုလ်ချုပ်မှူးကြီး…

အမေရိကန်က ဖိလစ်ပိုင်ကို စစ်ရေး ရန်ပုံငွေ ဒေါ်လာ သန်း ၅၀၀ ပေးမယ်

မနီလာ၊ ဇူလိုင် ၃၁ တရုတ်ရဲ့ နယ်မြေပိုင်ဆိုင်ကြောင်း ပြောဆိုမှုတွေ ပိုများလာနေချိန်မှာ အမေရိကန်က ဖိလစ်ပိုင်အတွက် စစ်ရေး ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၅၀၀ ပေးအပ်သွားမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဇူလိုင် ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဘေဂျင်းအစိုးရကို တားဆီးဖို့ ရည်ရွယ်တဲ့ ဝါရှင်တန်ရဲ့ မဟာမိတ်ဖွဲ့မှု အားကောင်းစေရေး…

အိန္ဒိယမှာ မိုးသည်းထန်ပြီး မြေပြိုမှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံး

ခိုချီ၊ ဇူလိုင် ၃၁ အိန္ဒိယနိုင်ငံတောင်ပိုင်း ကယ်ရလာပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျမှုကြောင့် လူပေါင်း ၁၀၆ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက ဇူလိုင် ၃၀ ရက်မှာ ဖော်ပြခဲ့ကြပါတယ်။ ကမ္ဘာလှည့် ခရီးသွားတွေကြား လူကြိုက် အများဆုံးပြည်နယ် တစ်ခုအဖြစ် နာမည်ကြီးတဲ့ ကယ်ရလာပြည်နယ် ဝါယာနက်ဒေသမှာ ဇူလိုင် ၂၉ ရက်က မိုးသည်းထန်စွာ…

ရှမ်းမြောက်ရှိ နိုင်ငံခြားနဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးမယ်လို့ MNDAA ပြော

လားရှိုး၊ ဇူလိုင် ၃၁ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအပါအဝင် တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ကိုးကန့်တပ်မတော် MNDAA ရဲ့ စစ်ရေးကော်မတီက ဇူလိုင် ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လွတ်မြောက်ရေးတိုက်ပွဲတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ပျက်စီးတာ ရှောင်ရှားဖို့နဲ့ အမျိုးသားဒီမိုကရေစီ တော်လှန်ရေး တိုက်ပွဲတွေ ဆင်နွှဲရာမှာ လွတ်မြောက်နယ်မြေအတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။…